လှိုင်ဝင်းအောင်
Monday, July 22, 2013
များများကျန်းမာရေးကောင်း
လိင်များများဆက်ဆံ များများကျန်းမာရေးကောင်း

လိင်ဆက်ဆံမှုဟာ သင်ရဲ့စိတ်ခံစားမှုကို ကောင်းစေတာကိုတော့ သင်သိပြီးသားပါ။ ဒါပေမဲ့ Sex ဟာ သင်နဲ့ သင့်ပါတနာကို ကျန်းမာရေး အတွက် နည်းပေါင်းများစွာနဲ့ ကောင်းမွန်စေတာကိုတော့ သင်သိသေးမှာ မဟုတ်ပါဘူး။ သိပ္ပံ ပညာရှင်တွေရဲ့ အဆိုအရ လိင်ဆက်ဆံမှု ပြုလုပ်စဉ်မှာ ခန္ဓာကိုယ်မှ ဟော်မုန်းတွေ ထွက်လာတာကြောင့် နာကျင်မှု သက်သာကာ ကင်ဆာ ဖြစ်နိုင်ခြေ နည်းတာ၊ ခုခံအားစနစ် ကောင်းမွန်တာနဲ့ မီးယပ်သွေးဆုံး ဝေဒနာပါ သက်သာနိုင်ကြောင်း သိရပါတယ်။
အောကိမှာ sex များများပြုလုပ်ပါက ကျန်းမာရေးဆိုင်ရာမှာ အဖက်ဖက်က တိုးတက်ကောင်းမွန် လာနိုင်ကြောင်းကို သင်သိလာမှာပါ....
(၁) နာတာရှည် နာကျင်မှုကို လျော့ကျစေပါတယ်
သင်ခေါင်းကိုက်နေစဉ်မှာ လိင်ဆက်ဆံမှု ပြုလုပ်ပါ။ သင်ရဲ့ ယောနိနံရံနဲ့ အစေ့ကို နှိုးဆွပေးတာကြောင့် သင့်ခန္ဓာကိုယ်အတွင်း Endorphins၊ ကော်တီကို စတီးရွိုက်နဲ့ အကိုက်အခဲ သက်သာတဲ့ ပစ္စည်းတွေ ထွက်ရှိလာပါတယ်။ ဒါကြောင့် လိင်ကိစ္စ အထွတ်အထိပ် ရောက်နေစဉ်မှာ နာကျင်မှုကို ခံနိုင်ရည်ရှိမှု နှစ်ဆပိုများသွားတယ်လို့ သုတေသန ပြုသူတွေက ဆိုပါတယ်။
(၂) သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်

လိင်စိတ်ကြွဖို့ နှိုးဆွနေစဉ်နဲ့ လိင်ကိစ္စ အထွတ်အထိပ်ကို ရောက်နေစဉ်မှာ သင့်ရဲ့ ပျော်ရွှင်မှု ဟော်မုန်းအဆင့်တွေ မြင့်တက်လာပါတယ်။ ပျော်ရွှင်မှု ဟော်မုန်းတွေ ဖြစ်တဲ့ Oxytocin နဲ့ DHEA တွေဟာ သားမြတ်ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
လေ့လာမှု တစ်ခု အရ တစ်လကို တစ်ကြိမ်ထက် ပိုပြီး လိင်ဆက်ဆံမှု ပြုလုပ်တဲ့ အမျိုးသမီးတွေဟာ လိင်ဆက်ဆံမှု ပြုလုပ်တာ နည်းတဲ့ အမျိုးသမီးတွေထက် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေနည်းတယ်လို့ သိရပါတယ်။ ဂရိမှ သုတေသန ပြုသူတွေကလည်း အသက်(၅၀) အရွယ်မှာ လိင်ကိစ္စ အထွတ်အထိပ် ရရှိမှု တစ်လကို အနည်းဆုံး ခုနစ်ကြိမ် ရရှိသူ အမျိုးသားတွေဟာလည်း အမျိုးသား သားမြတ်ကင်ဆာ (Male Breast Cancer)ဖြစ်နိုင်ခြေ သိသိသာသာနည်းတာကို တွေ့ရှိခဲ့ပါတယ်။
(၃) သင့်နှလုံး ကျန်းမာစေပါတယ်
လိင်ဆက်ဆံမှု ပြုလုပ်တာဟာ လမ်းမြန်မြန်လျှောက်သလိုမျိုး အတော်အသင့် လေ့ကျင့်ခန်း ဖြစ်ပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်း လုပ်သလိုမျိုးပါပဲ။ ပြင်းပြင်းထန်ထန် လုပ်နိုင်လေ ကျန်းမာရေး အတွက် အကျိုးပိုရှိလေပါ။ လိင်ကိစ္စ အထွတ်အထိပ်ရောက်ရင် သင့်နှလုံးခုန်နှုန်းဟာ တစ်မိနစ်ကို ၁၁၀ အထိ ရောက်နိုင်တာမို့ လမ်းမြန်မြန်လျှောက်တာ ဒါမှမဟုတ် ရွရွလေး ပြေးရင် ရရှိတဲ့ နှလုံးခုန်နှုန်းနဲ့ နှိုင်းယှဉ်နိုင်တဲ့ အကျိုးကျေးဇူးပါ။
(၄) ဆီးကျိတ်ကို ကာကွယ်ပေး နိုင်ပါတယ်

တစ်ပတ်ကို အနည်းဆုံး လေးကြိမ် သုက်လွှတ်တဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတွေဟာ သုက်လွှတ်နည်းတဲ့ အမျိုးသားတွေထက် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ နည်းပါတယ်လို့ သြစတြေးလျမှ လေ့လာမှု အရ သိရပါတယ်။ ရေပိုက်ထဲကရေဟာ စီးဆင်းနေရင် ပိုက်အတွင်း ပိတ်ဆို့မှု နည်းနေသလိုမျိုးပေါ့လို့ Alriarado ဆေးရုံမှ MD.Irwin ကပြောပါတယ်။
(၅) စိတ်ဖိစီးမှု လျော့နည်းစေပါတယ်
စိတ်ဖိစီးမှုများ နိုင်တဲ့ ရက်မတိုင်ခင် နှစ်ပတ်အလိုမှာ ဖိုမဆက်ဆံရေး လုပ်တဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ လူအများရှေ့ စကားထွက်ပြောရာမှာ ချောမွေ့နိုင်ပြီး စိတ်တွက် တွက်ချက်ရာမှာလည်း အဆင်ပြေတယ်လို့ လေ့လာမှုအရ တွေ့ခဲ့ရပါတယ်။
လူအများရှေ့မှာ စကားပြောနေစဉ် သူတို့ရဲ့ အပေါ်သွေး ဖိအားမြင့်တက်မှု နည်းပြီး ပုံမှန်အဆင့် ပြန်ရောက်တာဟာလည်း ဖိုမဆက်ဆံမှု မလုပ်သူတွေထက် ပိုမြန်တယ်လို့ ဆိုပါတယ်။ လိင်ဆက်ဆံမှု လုပ်တာကြောင့် ဦးနှောက်လုပ်ငန်းတွေ ပိုမိုအလုပ်လုပ် နိုင်တာကြောင့်ပါ။ တခြားအကြောင်းတစ်ခုက လိင်ဆက်ဆံမှုကြောင့် အရေးကြီးတဲ့ အာရုံကြောတွေကို လှုံ့ဆော်နိုင်လို့ပါ ဆိုပါတယ်။
(၆) သင်ရဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်
တစ်ပတ်မှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် လိင်ဆက်ဆံမှု ပြုလုပ်သူတွေဟာ မလုပ်တဲ့ သူတွေထက် ရောဂါပိုးကို တွန်းလှန်နိုင်တဲ့ ပဋိပစ္စည်း ၃၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ သုတေသနပြုသူတွေက တွေ့ရှိခဲ့ပါတယ်။ လိင်စိတ်ကြွဖို့ နှိုးဆွနေစဉ်နဲ့ လိင်ကိစ္စ အထွတ်အထိပ် ရောက်နေတဲ့ အမျိုးသားတွေကို သွေးဖောက်စစ်ကြည့်ရာ ရောဂါပိုးကို တိုက်ထုတ်နိုင်တဲ့ သွေးဖြူဥတွေ များနေတာကို တွေ့ရှိရပါတယ်။
ဒီအကျိုးသက်ရောက်မှုတွေဟာ လေ့ကျင့်ခန်းလုပ်တာနဲ့ သီချင်းနားထောင်တာလိုမျိုး စိတ်ဖိစီးမှုကို တွန်းလှန်နိုင်တဲ့ လုပ်ငန်းလိုမျိုးပဲ ရောဂါပိုးကို တွန်းလှန်ဖို့ ခန္ဓာကိုယ်မှ အချို့ပရိုတင်းအရည်တွေ ထုတ်လုပ်မှုကို မြင့်တက်စေနိုင်ပါတယ်။
(၇) မီးယပ်သွေးဆုံးစဉ်မှာ မိန်းမကိုယ်ခြောက်သွေ့မှုကို ကာကွယ်နိုင်ပါတယ်
လိင်ဆက်ဆံမှု တစ်နှစ်ကို ၁၀ကြိမ် ထက်ပိုပြီးလုပ်တဲ့ မီးယပ်သွေးဆုံးပြီးသူ အမျိုးသမီးတွေဟာ လိင်ဆက်ဆံမှု နည်းတဲ့ အမျိုးသမီးတွေထက် မိန်းမကိုယ် သိမ်သွားခြင်း နည်းတယ်လို့ New Jersey မှ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

လိင်ဆက်ဆံလို စိတ်ပေါ်လာအောင် နှိုးဆွပေးတာကြောင့် မိန်းမကိုယ်အတွင်း သွေးတွေ ရောက်ရှိလာကာ အာဟာရနဲ့ အောက်ဆီဂျင်တွေ ရရှိစေလို့ပါ။ ခန္ဓာကိုယ်ရဲ့ အဲဒီ အစိတ်အပိုင်းကို အသုံးပြုတာကြောင့် အသက်ကြီးလာရင် အဲဒီတစ်သျှူးသိမ်သွားတာနဲ့ ကျုံ့နိုင်အားလျော့သွားတာတွေ မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်စေတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။
*******************************************************************************************************************************

MD.Irwin
လိင်ဆက်ဆံလို စိတ်ပေါ်လာအောင် နှိုးဆွပေးတာကြောင့် မိန်းမကိုယ်အတွင်း သွေးတွေ ရောက်ရှိလာကာ အာဟာရနဲ့ အောက်ဆီဂျင်တွေ ရရှိစေလို့ပါ။ ခန္ဓာကိုယ်ရဲ့ အဲဒီ အစိတ်အပိုင်းကို အသုံးပြုတာကြောင့် အသက်ကြီးလာရင် အဲဒီတစ်သျှူးသိမ်သွားတာနဲ့ ကျုံ့နိုင်အားလျော့သွားတာတွေ မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်စေတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။
" သ်ု့ဖြစ်ပါသော်ကြောင့် အဖက်ဖက်မှ ကျမ်းမာရေး ကောင်းမွန်စေနိုင်ပြီး
ပါတနာအချင်းချင်း တစ်သက်မခွဲ လက်တွဲနိုင်မည်ဖြစ်ပါသော်ကြောင့် ဖိုမသဘာဝ
အသိပညာပေး အနေနှင့် ကျန်းမာရေးရှုဒေါင့်မှ ရေးသားလိုက်ရပါတယ်...."
Ref:http://wonderwoman.intoday.in/wonderwoman/story1/83423/Lover/get-a-health-boost-in-bed.html တွင် Alriarado ဆေးရုံမှ MD.Irwin ၏ဟောာကားချက်*******************************************************************************************************************************
Bedtime boosters
You know sex feels good and does wonders for your mood, but did you know that it benefits your health (his too!) in a number of not-so-obvious ways?
The reason, according to scientists, is that during lovemaking, our
bodies produce a cascade of hormones (and other biological changes) that
can ease pain, lower cancer risk, boost immunity and even offset
menopausal symptoms. Taking care of your health has never been so much
fun.
IT REDUCES CHRONIC PAIN
Next time you have a headache, just say yes. Stimulation of
your clitoris and vaginal walls triggers the release of endorphins, corticosteroids and other natural painkillers. The benefit, which begins before you orgasm, can linger for up to 2 days, says Barry Komisaruk, PhD, a Rutgers University psychology professor and co-author of The Science of Orgasm. In his research, he found that women could withstand painful pressure to their fingers while they were stimulated with sex toys; during orgasm, pain tolerance doubled. And self-stimulation through the front wall of the vagina, where some find their G-spot, increases pain tolerance by up to 50%, reports Komisaruk.
IT LOWERS BREAST CANCER RISK
During arousal and orgasm, your levels of 'happiness' hormones rise. Two of these-oxytocin and DHEA-may help keep breasts cancer-free. One study showed that women who have sex more than once a month have a lower risk of developing breast cancer than those who are less sexually active. And Greek researchers found that men who had at least 7 orgasms a month in their 50s lowered chances of developing male breast cancer.
IT GIVES YOUR HEART A WORKOUT
Cardiologists rank intercourse as a mild-to-moderate-intensity exercise that enhances heart health as well as brisk walking does. As with any workout, the more vigorous you are, the more your heart benefits. The positions you try matter too; being on top is especially cardiac-friendly because it usually requires more effort. Orgasm delivers a bonus: at your peak moment, your heart rate may hit 110 beats per minute, comparable to what you might achieve when walking quickly or jogging.
IT PROTECTS HIS PROSTATE
Catholic priests have an elevated chance of dying of prostate cancer and studies point to celibacy as a factor. In 2003, research on middle-aged Australian men found that those who averaged at least 4 ejaculations a week had a one-third lower chance of developing prostate cancer than those who had fewer. "When you drain the pipes, as it were, you have less clogging," says Irwin Goldstein, MD, head of sexual medicine at Alvarado Hospital. Though the results of the study were clear, the reasons they occurred were not, says Goldstein, who calls for more research.
IT LOWERS STRESS
Got a big presentation coming up at work? A 2005 study found that men and women who had engaged in intercourse in the 2 weeks before a stressful day had an easier time while speaking in public or solving verbal math problems. During their presentations, their systolic blood pressure (the first number in a blood-pressure read Ltding) increased less and then dropped back to its normal level at a faster rate than that of people who had no sexual relations or had other forms of sex, including noncoital interactions or masturbation. One theory about why this occurs is that intercourse requires more complex brain activity; another idea is that it stimulates a number of important nerves not triggered during other sexual activity.
IT REVS UP YOUR IMMUNE SYSTEM
Research from Wilkes University showed that college students who engaged in sex once or twice a week had 30% higher levels of infection-fighting antibodies than did their abstinent classmates. In 2004, German scientists produced similar results: blood tests showed that arousal and orgasm in men increased levels of certain pathogen-fighting white blood cells. The effect is comparable to that of other stress-busting activities, such as exercise and listening to music, which also boost secretion of certain proteins that defend the body against infection.
IT DEFEATS MENOPAUSAL DRYNESS
Scientists in New Jersey found that postmenopausal women who had sexual relations more than 10 times a year had less evidence of vaginal atrophy than those who reported less frequent sex. That's a sign of healthy tissues, says Sandra Leiblum, PhD, a New Jersey sex therapist who helped conduct the study. Arousal brings blood to the vagina, which delivers nutrients and oxygen. Keep using this part of your body and you'll help prevent the tissue from becoming thinner and less elastic as you age, so intercourse can remain comfortable and pleasurable.

Labels: Health-V, Sexual Education-II
http://www.monetine.net မှ ကူးယူဖော်ပြပါသည်။
Labels:
ပညာပေးဆောင်းပါး
မမ များအတွက်

အမျိုးသမီး များအနေနဲ့ ကိုယ်ကာယ လှအောငိပြုလုပ်ကြသလို အတွင်းလိင်အဂိါများလညိးလှအောင် အဓိက ကျန်းမာအောင် ဂရုစိုက်ဖို့လိုပါတယ်...ဒီနေရာမှာ
အမျိုးသမီး ကြီး-ငယ်မဟူ၊ အပျိုရော အအိုပါ အထဲက အင်္ဂါမှန်သမျှ ပြန်ကောင်းအောင် လုပ်လို့ရတဲ့နည်း၊ အသုံးများပေမဲ့ အသစ်နဲ့မခြား အားကောင်းနေစေမဲ့ နည်းကို ရေးပါမယ်။
ကိုယ်ဝန် တခါဆောင်ရင် ကလေးတစ်ခါမွေးရင် တခါ အတွင်းအင်္ဂါတွေ အားနဲစေတယ်ပြီး ကြာရင် အိမ်ထောင်ရေးကိုပါ ထိခိုက်နိုင်တယ်။ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ် ၀င်နိုင်တယ်။ စားဆေး-ထိုးဆေးနဲ့ မရပါ....ကိုယ့်အမျိုးသားက အားမရတော့ပဲ တစ်ခြားတစ်ယောက်စီ စိတ်ရောကိသွားနိုင်ပါတယ်....အိမ်ထောင်မကျသေးတဲ့သူလည်း အောက်ဖေါ်ပြပါလေ့ကျင့်ခန်းလုပ်ဖို့လိုပါတယ်....

အကောင်းဆုံးနည်းကတော့ Pelvic floor exercisesပါပဲ... Kegel exercises လေ့ကျင့်ခန်းလို့လဲ ခေါ်တယ်။
Prolapse uterus သားအိမ်ကျ
Cystocele ဆီးအိမ်ကျ
Rectocele အစာဟောင်းအိမ်က
Urinary incontinence ဆီးမထိန်းနိုင်တာ
ယေနိ လမိးကြောင်း ကြွက်သားတွေ အားပျော့ရောဂါ
အဲဒါတွေဟာ မိမိရဲ့ပါတနာကို စိတ်သောကရောကစေနိုင်ပြီး မိမိပါ စိတ်ဖိစည်းနေရပါမယ်....

တင်ပါးဆုံ-အရိုးကွင်းထဲမှာ အင်္ဂါတွေ အများကြီး ရှိတယ်။ ယောက်ျား-မိန်းမ နဲနဲမတူကြဘူး။ လူတယောက်ကို တဖက် မျက်နှာမူ ခိုင်းပြီး ဘေးတည့်တည့်ကနေ ကြည့်ရင် ရှေ့ဆုံးမှာ Pubis ဆီးစပ်ရိုး၊ နောက်မှာ Bladder ဆီးအိမ်၊ နောက်မှာ မိန်းမတွေမှာသာရှိတဲ့ Uterus သားအိမ်၊ နောက်ဆုံးမှာ Rectum အစာဟောင်းအိမ် ရှိတယ်။ ယောက်ျားတွေမှာသာ ဆီးအိမ် အောက်ကပ်နေတဲ့ Prostate ဆီးကြိတ် ရှိတယ်။ မိန်းမတွေမှာ သားအိမ် အောက်က တဆက်ထဲ Vagina မွေးလမ်းကြောင်း ရှိတယ်။ အစာဟောင်းအိမ် အောက်က ဆက်နေတာက Anus စအို။
အဲဒီအတွင်းအင်္ဂါတွေကို သူ့နေရာသူ ပုံမှန်ရှိနေအောင် Muscles ကြွက်သား၊ Fascia အရွတ်ပြားတွေကနေ ထိန်းပေး တည့်ပေး မ ပေးထားတယ်။ ထိန်း-တည့်-မ လုပ်ပေးတာတွေ အားနဲလာရင် ပြောခဲ့သလို အမျိုးမျိုး ဖြစ်လာစေနိုင်တယ်။ သိတဲ့အတိုင်း ကြွက်သားဆိုတာ လေ့ကျင့်ပေးရင် သန်မာစေနိုင်လို့ လေ့ကျင့်ပေးရမယ်။
လေ့ကျင့်နည်း

အရင်ဆုံး ဘယ်ကြွက်သားတွေကို လေ့ကျင့်ရမလဲ သိအောင်လုပ်ရတယ်။ ဆွဲကိုင် မပြနိုင်လို့ သင်ပြပေးရတယ်။ လွယ်ပါတယ်။ ကိုယ့်ဖါသာ ဆီးသွားနေရင်း ဆီးမကုန်ခင် ဆီးသွားတာ ရပ်သွားအောင် ကြိုးစားကြည့်ပါ။ ဘယ်နေရာကို Squeeze and lift ညှစ်၊ မ-တင်ပေးရင် ဆီးရပ်မလဲဆိုတာ ကိုယ်တိုင် သိလာလိမ့်မယ်။ စအိုနဲ့ မွေးလမ်းပေါက်တွေကို ပိတ်ပြီး ဆွဲတင်သလို လုပ်ရတယ် မဟုတ်လား။ Upward and inward အထက် နဲ့ အတွင်းထဲဆီကိုပါ။
လေ့ကျင့်နေတုံးမှာ တင်ပါးကို ဆွဲတင်တာ လှုတ်တာ မဖြစ်စေပါနဲ့။ ပေါင်-ခြေတွေလဲ ညှစ်တာမျိုး မလုပ်ရပါ။ အသက် အောင့်စရာ မလိုပါ။ သိပြီဆိုရင် သက်တောင့် သက်သာ အနေအထား (လှဲနေရင်း) စလုပ်ပါ။ အဆင်ပြေလာတဲ့အခါ ထိုင်ရင်း လုပ်ပါ။ နောက်ဆိုရင် အလုပ် လုပ်နေရင်းလဲ လုပ်ပါ။ အချိန်မရွေး လုပ်နိုင်ပါတယ်။ ကြွက်သားတွေကို ညှစ်ထိန်းထာတာကို အစမှာ ၂ စက္ကန့်၊ နောက် ၁၀ စက္ကန့်ကြာအောင် ကြိုးစားပါ။
ကျွမ်းကျင်လာပြီဆိုရင် နောက်တဆင့်အနေနဲ့ အသက် မှန်မှန် ရှူပါ။ ကြွက်သားတွေကို ဆွဲတင်ပြီးနောက် ပြန်လျှော့ချတာကို ဇတ်ကနဲ လုပ်လိုက်ပါ။ တင်းတာထက် ချတာက မြန်ပါစေ။ ၁၀ ကြိမ် ဆက်တိုက် လုပ်ပါ။ တခါလုပ် ၈-၁၀ ကြိမ်၊ တနေ့မှာ ၃ ခါလုပ်ပါ။ တကယ်လို့ ကိုယ့်က ချို့ယွင်းနေလို့ ပြုပြင်ရသူဆိုရင် ပိုလုပ်ရပါမယ်။ ချို့ယွင်းနေတယ် ဆိုတာ၊ သားအိမ် ကျချင်နေတာ၊ ဆီး အထိန်းရခက်တာ၊ ယောနိမှာ တစ်ဆို့ဆို့ ဖြစ်နေတာ၊ ယောနိလမ်းကြောင်းကြွက်သား တင်းအား လျှော့နေတာတွေဆိုရင် ပိုလုပ်ရမယ်ပေါ့...
ထူးခြားမှုရှိ မရှိဘယ်လိုသိ
အဲလိုမျိုး လုပ်တာကို ထူးခြားမှု ( ၀ါ ) ယောနိ လမ်းကြောင်း ကြွက်သား တင်းမာလာမှု ကို ကိုယ့် ပါတနာ နဲ့ လိင်ဆက်ဆံအခါမှာ ကိုယ်က ပြုပြင်ထားတာကို သူက ခံစားပြီး သိပါလိမ့်မယ်။ အိမ်ထောင်မရှိသူတွေလဲယောနိ ထဲ လက်ချောင်း ၂ ချောင်းထည့်ပြီး လေ့ကျင့်တဲ့အခါ လက်ကို ဖိအား သက်ရောက်လာတာ ( ၀ါ ) ယောနိ လမ်းကြောင်း ကြွက်သား တင်းမာလာမှု ကို သိနိုင်တယ်။
ဒါပေမယ့်အရမ်း ပိုဆိုးတဲ့ ( ၀ါ ) ပျော့တွဲနေပြီဖြစ်တဲ့ ယောနိကြွက်သား( Urge urinary incontinence )တွေကိုတော့ ပြုပြင်မရနိုင်ပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာပါ လုပ်သင့်တယ်။

အမျိုးသမီးတိုင်းမှာ သတိထားစရာတွေ ရှိတယ်။ ၀မ်းချုပ်လို့ ညှစ်ရတာ၊ အလေးအပင် မ-တာ၊ ချောင်းဆိုး၊ နှာချေ၊ ရီမောတဲ့ အခါမျိုးတိုင်းမှာပါ တင်ပါးဆုံရိုးကွင်းထဲက အင်္ဂါတွေကို ထိန်းပေးထားရမယ်။ လက်လွတ်စပယ် မလုပ်ပါနဲ့။ ဖြစ်နိုင်ရင် ဆောင့်ကြောင့် မထိုင်ပါနဲ့။ Toilet သုံးတာမှာ ဒူးကို ၉၀ ဒီ၈ရီ ထားလို့ရတာမျိုးသာ သုံးပါ။ ပက်လက် အိပ်နေရင်း ခြေထောက် မြှောက်တာကို ၂ ဖက်လုံး တပြိုင်နက် မလုပ်ပါနဲ့။ လုပ်ရရင်လဲ သတိရှိပါ။
ခြေ ၂ ဖက် ဆန့်တန်းပြီး ခါးကုံးတာမျိုး ဆင်ခြင်ပါ။ တင်ပါးဆုံရိုးကွင်းထဲက အင်္ဂါတွေကို တွန်းထုတ်သလို မဖြစ်စေနဲ့။ ဆီးသွားတာကို တကယ် ဆီးအိမ်တင်းနေမှသာ သွားပါ.....
တစ်ခြားနည်းဖြင့် လေ့ကျင့်ခန်းများကိုလည်း ဆက်ရေးပေးပါမယ်..
သို့ဖြစ်ပါသော်ကြောင့် အမျိုးသမီးတွေသည် ပြင်ပအလှအပြင် အတွင်းလိင်အဂ်ါ ( ယောနိ ) သန်စွမ်းကျန်းမာ ဖို့ကိုလည်း လိုအပိပါသော်ကြောင့် ဖိုမသဘာဝ အသိပညာပေးအနေနှင့် ကျန်းမာရေးရှုထောင့်မှ ရေးသားတင်ပြလိုက်ရခြင်းသာဖြစ်ပါသည်......
လှိုင်ဝင်းအောင် (လူငယ်နည်းပညာလေး)
ဥပဒေပါမောက္ခနှင့် ကျောင်းသူ လိင်ကိစ္စ စစ်ဆေးခံနေရ
- Details
- Category: မောက္ခနိုင်ငံတကာသတင်း
- Published on Wednesday, 01 August 2012 04:28
- Written by စောပြည့်ညို

စာမေးပွဲ အောင်မှတ်ကောင်း ရရှိစေရန် ပါမောက္ခထံသို့ ကျောင်းသူမှ ချဉ်းကပ်ခဲ့ပြီး နှစ်ဦး သဘောတူညီမှုဖြင့် တကြိမ် ထက်မက လိင်ဆက်ဆံမှု ပြုခဲ့ကြသည်။ သို့ရာတွင် အဆိုပါ ကျောင်းသူမှာ ဖမ်းဆီးခြင်း မခံရဘဲ ယခုအခါ ဥပဒေ အကျိုးဆောင် ကုမ္ပဏီတခုတွင် အလုပ်သင် လုပ်ကိုင်လျက်ရှိသည်။
အဆိုပါကျောင်းသူသည် ပါမောက္ခနှင့် လိင်ဆက်ဆံမှု ပြုခဲ့ပြီးနောက် သူငယ်ချင်းများအား ဖွင့်ပြောရာမှ အမှု ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ဤကဲ့သို့ ကျောင်းသားနှင့် ပါမောက္ခအကြား လိင်ဆက်ဆံမှု ဖြစ်စေရန် အကြောင်းတစ်ရပ်မှာ စင်္ကပူရှိ ဥပဒေ အကျိုးဆောင် ကုမ္ပဏီများသည် ကျောင်းသားများ၏ စုစုပေါင်း ရမှတ်ကို အခြေခံကာ အလုပ် ခေါ်လေ့ရှိ သောကြောင့် ဖြစ်သည်ဟု သုံးသပ်ကြသည်။
ပါမောက္ခ Tey Tsun Hang သည် ပညာထူးချွန်သူ တစ်ဦးဖြစ်ကာ အောက်စဖိုဒ့် တက္ကသိုလ် ကျောင်းထွက် ဖြစ်ကာ ကျောင်းသားများ ကြိုက်နှစ်သက်သော ဆရာတစ်ဦးဖြစ်သည်။ တက္ကသိုလ်တွင် တာဝန်မထမ်းဆောင်မီ ခရိုင် တရားသူကြီးအဖြစ်လည်းကောင်း၊ ဥပဒေချုပ်၏ အကြံပေး ကောင်စီတွင် အဖွဲ့ဝင်တဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ သည်။
ယနေ့ခေတ်လူငယ် အများစုမှာ လက်မထပ်မီ လိင်ဆက်ဆံမှု မပြုလိုကြောင်း သိရ
ယနေ့ခေတ် လူငယ်အများစုသည် လိင် ကိစ္စကို ပေါ့ပေါ့လွယ်လွယ် မပြုတော့ကြောင်းကို အွန်လိုင်းမှတဆင့် လေ့လာချက်များအရ သိရှိရ သည်။မိဘများအနေဖြင့် ၎င်းတို့၏ သားသမီး များ အရွယ်ရောက်သည်အထိ ချုပ်ချယ်ထားခြင်း မပြုကြရန်လည်း လိုအပ်ပါသည်။
လေ့လာဆန်းစစ်ချက်များအရ ၄၆.၅% သော လူငယ်ဦးရေသည် အိမ်ထောင်ကျပြီးမှသာ လျှင် လိင်ဆက်ဆံမှုပြုကြသည်ကို တွေ့ရှိရသည် ဟု ပြောဆိုကြသည်။ ၂၆.၂% သော လူငယ် ဦးရေကမူ ဆန္ဒရှိလာသည့်အခါ မိမိဖာသာ ဖြေဖျောက်ကြသည်ဟု ပြောဆိုခဲ့ကြပြီး လူငယ် ဦးရေ ၆.၇% သည် အနည်းဆုံး အသက် (၁၈) နှစ်ရောက်မှသာ လိင်ဆက်ဆံမှု ပြုလုပ်ကြသည် ဟု ဆိုထားကြကြောင်း သိရသည်။
ဆန်းဒေးစတား၏ အွန်လိုင်းလေ့လာမှု အစီအစဉ်ဖြစ်သည့် Let's talk sex အစီ အစဉ်တွင် နိုင်ငံတစ်
ဝှမ်းလုံးရှိ အသက် (၁၅) နှစ် မှ (၂၅) နှစ်ကြားရှိ လူငယ် (၂,၇၉၅) ဦးကို မေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။ အစီအစဉ်၏ ရည်ရွယ်ချက်မှာ လူငယ်များအကြား လိင်ပိုင်းဆိုင် ရာ ခံစားမှုများအား စူးစမ်းသိရှိလိုသော စိတ်ကို သိရှိရန်၊ အိမ်ထောင်မပြုမီ လိင်ဆက်ဆံမှု၊ ကိုယ် ၀န်ဆောင်ခြင်နှင့် ကလေးမွေးဖွားမှုနှုန်း စသည် များကို သိရှိနားလည် သဘောပေါက်စေရန်အ တွက် ဖြစ်သည်။
လူငယ်အချို့အနေဖြင့် လိင်ဆက်ဆံမှု သည် ထူးဆန်းအံ့သြဖွယ်ရာအဖြစ် မှတ်ယူထား ကြသော်လည်း အသက် (၂၁) နှစ်အရွယ်ရှိ လူထု ဆက်သွယ်ရေး ဘာသာရပ်ကို သင်ယူနေသည့် ကျောင်းသားတစ်ဦးဖြစ်သူ Adrian Chong ကမူ လိင်ဆက်ဆံမှုသည် လူငယ်များအကြားတွင် ထူးဆန်းသည့် ကိစ္စရပ်တစ်ခု မဟုတ်ဟု ၎င်း၏ သူငယ်ချင်းများက ခံယူထားကြသည်ဟု ဆို သည်။ “လိင်ဆက်ဆံမှု အတွက် သူတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်ကြတဲ့ အခွင့်အရေးတွေ ရှိနကြတယ် လို့ တော်တော်များများက ယုံကြည်ထားကြ တယ်” ဟု အဆိုပါ ကျောင်းသားကပင် ထုတ်ဖော် ပြောဆိုခဲ့သည်။
Public University မှ လူမှုရေးသိပံ္ပ ဘာသာရပ် နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးက လည်း ၎င်း၏ ကျောင်းနေဖက်များ အနေဖြင့် လိင်မှုကိစ္စအတွက် ရင့်ကျက်သည့် အနေအထား တွင် ၎င်းတို့ ရောက်ရှိနေပြီဖြစ်သည်ဟု ခံယူထား ကြကြောင်း ပြောဆိုလိုက်သည်။ တစ်ချို့လူငယ် တွေအနေနဲ့ အိမ်ထောင်မပြုခင် လိင်ဆက်ဆံမှုပြု တာကို စဉ်းစားစရာ မလိုဘူးလို့ ဆိုခဲ့ကြသလို တော်တော်များများက အိမ်ထောင်ပြုဖို့အတွက် လိင်ကိစ္စကို ထိန်းချုပ်ထားတယ်လို့ ဆိုကြပါ တယ်။ လိင်ကိစ္စ ပြုလုပ်ရန် ဘယ်လိုတာဝန်တွေ ရှိလာမလဲဆိုတဲ့သဘောကို သူတို့သိကြပါတယ် ဟုလည်း ဆိုထားသည်။
Utar မှာရှိသည့် Creative Industries Faculty က ဘွဲ့လွန်နှင့် သုတေသနဌာနချုပ်၏ ဒုတိယဌာနမှူးဖြစ်သူ Chin Yee Mun အနေဖြင့် အထက်ပါ ပြောဆိုချက်များအတွက် အံ့သြမှု မရှိဟု ဆိုထားခဲ့သည်။ ဆွေးနွေးမှုနှင့် ပတ်သက်၍ ၎င်းတို့တွင်ဆုံးဖြတ်ပြီးသား ဖြစ်နေသည်ကို တွေ့ ရသည်ဟု ဒုတိယဌာနမှူးဖြစ်သူက ပြန်လည် ပြောဆိုခဲ့ပါသည်။
“သူတို့ကို ကျွန်တော်မေးခဲ့တဲ့ မေးခွန်း တစ်ခုက လိင်ဆက်ဆံမှုကြောင့် ကလေးတွေ မွေးဖွားလာတာကို အပြစ်ပေးသင့်သလား ဆိုတဲ့ မေးခွန်းပါပဲ။ အများစုက သဘောတူပါတယ်လို့ ဖြေကြပါတယ်။ ဒါပေမယ့် နောက်ထပ်မေးခွန်းကို တော့ တော်တော်များများက လက်မခံ၊ သဘော မတူကြပါဘူး။ အဲဒီမေးခွန်းက အိမ်ထောင်မပြုခင် လိင်ဆက်ဆံမှုပြုတာကို သက်ဆိုင်ရာအာဏာပိုင် တွေက အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ဖို့ လုပ်ဆောင်မယ်ဆိုရင် သဘောတူ လက်ခံကြမှာ လားဆိုတဲ့ မေးခွန်းပါပဲ”
လူငယ်အရေအတွက် ၃၃.၅% အနေနဲ့ ကတော့ ပွေ့ဖက်နမ်းရှုတ်တဲ့ အဆင့်ကိုသာ ပြုလုပ်ကြသည်ဟု ပြောဆိုကြပြီး၊ ၁၂% ကမူ ရမ္မက်ကြီးစွာ ပွေ့ဖက်ကြသည်ဟု ဆိုထားသည်။ ဖြစ်ပေါ်လာသည့် ဆန္ဒများ အာသာပြေစေရန် လိင်အင်္ဂါကို ပါးစပ်ဖြင့် ထိတွေ့ဖျော်ဖြေမှုပြုသူ အရေအတွက်သည် ၁၁.၈% ရှိကြပြီး လိင် ဆက်ဆံမှု အပြည့်အ၀ ပြုလုပ်ကြသူ အရေ အတွက်သည် ၁၀.၉% ရှိသည်ကိုလည်း လေ့လာ တွေ့ရှိရသည်။
ကောလိပ်သို့ တက်ရောက်ပညာသင် ကြားနိုင်သည့် အရွယ်တော်တော်များများသည် ပထမလိင်ဆက်ဆံမှု ပြုဖူးကြသူများ ဖြစ်သည်ကို လည်း လေ့လာမှု အချက်အလက်များအရ သိရှိရ သည်။ အသက် (၁၆) နှစ်အရွယ် ရောက်ရှိ လာသည့်အချိန်သည် လိင်ဆက်ဆံမှု တရားဝင် ပြုလုပ်နိုင်သည့် အရွယ်ဖြစ်ပြီး အဆိုပါအရွယ်၌ ပထမဆုံးအကြိမ် လိင်ဆက်ဆံမှု ပြုဖူးသူအရေ အတွက်သည် ၃၃ % ရှိသည်ဟု သိရသည်။
လူငယ်အရေအတွက်၏ ၇.၄% သည် အသက် (၁၅) နှစ်အရွယ်တွင် လူပျိုရည်၊ အပျိုရည် ပျက်ပြီးသူများ ဖြစ်ကြသည်။ အချို့မှာ (၁၅) နှစ်အရွယ် မရောက်ခင်ကပင် အပျိုရည် ပျက်ပြီး ဖြစ်ကြသည်ဟု သိရသည်။ လိင်ကိစ္စ စပ်စု လိုသူများ၏ အရေအတွက် ၂၉% ရှိသလို လိင်ကိစ္စကို အပျော်သဘော စမ်းသပ်လိုသည့် အရေအတွက်မှာ ၂၈.၂ % ရှိနေသည်။
လိင်ဆက်ဆံမှုကို အတင်းအကျပ် လုပ်ခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်း စသည့် အရေ အတွက်သည် နည်းပါးကြောင်း တွေ့ရသည်။
အများစု (၇၃.၅%) သည် ပထမဆုံး အကြိမ် လိင်ဆက်ဆံမှုပြုလုပ်သည့်အခါ သန္ဓေ တားဆီးမှုပြုလုပ်ပြီး ဆက်ဆံကြသည်။ ၆၄.၂% သော အရေအတွက်ကမူ သန္ဓေတားခြင်း၊ အကာ အကွယ်ယူခြင်း ပြုလုပ်သူများ မဟုတ်ကြပေ။
လူငယ် ၅၂% က မျှော်လင့်ထား သည်မှာ ကိုယ်ဝန်ရရှိလာချိန်တွင် မိဘများက ဂရုတစိုက် စောင့်ရှောက်ကြလိမ့်မည်ဟု မျှော်လင့် ထားကြသလို၊ မိမိတို့ထက် ကြီးသူများကလည်း စောင့်ရှောက်ကြလိမ့်မည်ဟု ယုံကြည်ထား ကြသည်။
၁ % ထက် လျော့နည်းသည့် အရေ အတွက်သာ ၎င်းတို့၏ ကိုယ်ဝန်ရှိသည့်အချက်ကို ဖုံးကွယ်ထားကြပြီး၊ မွေးဖွားလာသည့် ကလေးကို လည်း စွန့်ပစ်တတ်ကြသည့် အလေ့အထများ ရှိကြောင်း သုတေသနပြုလုပ်ချက်များအရ သိရှိခဲ့ ရသည်။
ပါးစပ်နဲ့  ကာမဂုဏ် ခံစားမှု က လိင်ပိုင်းဆိုင်ရာ ချစ်တင်းနှောမှုမှာ ပိုအရေးပါလာ Update
by FNG on August 5, 2012
274
108
မဲပေးပါ
နယူးယောက် တက္ကသိုလ် လိင်ပိုင်း ဆိုင်ရာ
ကျန်းမာရေး လေ့လာမှု သုတေသန စင်တာ
က ပါးစပ် နဲ့ လိင်ပိုင်း ဆိုင်ရာ ချစ် တင်း
နှောတာ ဟာ ချစ်တင်းနှော မှု ပုံစံ အမျိုး မျိုး ရဲ့ 
၃၅ ရာခိုင်နှုန်း နေရာ ကို ယူထား တာကြောင့်
ဒုတိယ အရေး ပါ ဆုံး ဖြစ်လာ နေ ပြီ လို့ 
တက္ကသိုလ် ရဲ့  လေ့လာ စမ်းဆစ်မှု တစ်ခု
ကို အခြေခံ ပြီး စာတမ်း ထုတ် ပြန်ပါတယ်။
နယူးယောက် တက္ကသိုလ် ရဲ့  ကနဦး လေ့လာ ချက် မှာ တက္ကသိုလ် ကျောင်းသူ ၊ ကျောင်း
သား အယောက် ၅၀ စီ က နေ စစ်တမ်း ကောက် ယူထား ပြီး ဒီစစ် တမ်း မှာ ကျောင်း သူ
၇၀ ရာ ခိုင်နှုန်း က နှုတ်ခမ်း နဲ့  အနမ်း ချွေ တာ ၊ ခန္တာ ကိုယ် နေရာ အချို့  ကို စုပ်ယူနာ ကျင်
အောင် လုပ် ပြီး လိင် ဆက်ဆံ တာ တွေ ကို လိင် ဆက်ဆံ တဲ့ အခါ တိုင်း မှာ လုပ် လေ့ ရှိ
တယ် လို့  ဆို ပါတယ်။
ကျောင်းသား တွေ ကို ပြု လုပ် တဲ့ စစ်တမ်း မှာ တော့ ကာမ စပ် ယှက် မှု မျာ ပါး စပ် ကို
အသုံး ပြုတာ ၅၀ ရာခိုင်နှုန်း ကျော် ပဲ ရှိ ပြီး မိန်းကလေး တွေ ထက် စိတ်ဝင်စား မှု ပို နည်း
တယ် လို့  သိရ ပါတယ်။ ကျောင်းသား တွေ ဟာ သူ တို့  ရဲ့  ချစ်သူ တွေ ထက် ကာယှက် တဲ့ အခါ
သမရိုး ကျ နည်း ကို သုံးပေမယ့် ရံဖန် ရံ ခါ မှာ တော့ ချစ်ကြွမ်း ၀င်မှု လေး နက် စေလိုတဲ့ အတွက်
ပါး စပ် နဲ့  ခံစား မှု အာရုံ ပေး တာ တွေ ကို အချိန် အတော် ကြာကြာ လုပ် ဆောင် တယ် လို့  ဆိုပါ
တယ်။
အင်္ဂလန် က Female First မဂ္ဂဇင်း ကြီး ရဲ့  စစ်တမ်း ကောက် ယူမှု မှာ ဖြေဆို တဲ့ မိန်းကလေး
၂၀၀ ထဲ က ၁၆၄ ဦး ဟာ လည်း သူတို့  ရဲ့  ပါးစပ် နဲ့  လျှာ တွေ ကို အသုံး ပြု ပြီး လိင် ဆက်ဆံ
ရတာ ကြိုက် သလို ၊ ချစ်သူ ၊ခင်ပွန်း စသူ တို့  ရဲ့  ပါးစပ် နဲ့  ဖျော် ဖြေ မှု ကို လှိုက်လှိုက် လှဲလှဲ
သဘော ကျတယ် လို့  ဆို ပါတယ်။
Fox သတင်းဌာန က စီစဉ် တင် ဆက် တဲ့ Sex on Fox အစီအစဉ် မှာ ပါဝင် ဖြေကြား ပေး
တဲ့ ဆိုင်ရာကျု တက္ကသိုလ် က ကျောင်း သူ တစ်ဦး ဖြစ်တဲ့ အေမီ ချိစ်ဆာမယ်(လ)ဒို က သူ
ဟာ လျှာ က နေ ၊ ပါးစပ် က နေ ရလာ တဲ့ အထိ အတွေ့ ကို ပို ပြီး သဘော ကျ ကြောင်း ဒါဟာ
မိန်းမ အင်္ဂါ ယောနိ ပြီး တဲ့ နောက် ပုရိသ တွေ ကို ပို ပြီး ဆွဲ ဆောင် စေမယ့် အချက် ဖြစ်တယ်
လို့  လဲ ပြောပါတယ်။
ဒါကြီး ကျယ် ခမ်းနားတဲ့ ချစ်ဗိမ္မာန်တည်ဆောက် ရေး မှာ အဓိက ကျတယ်။ ပါးစပ် နဲ့  လျှာ
ဟာ အရသာ အာရုံ ခံစား မှု ရဲ့  အရေး ပါတဲ့ အစိတ် အပိုင်း ဖြစ်တာ ကြောင့် ဒီနည်းလမ်းနဲ့ 
လိင် ဆက်ဆံ တာ ပို ပြီး ဆန္ဒ ပြည့် ၀ စေတယ် လို့  Female First စစ်တမ်းမှာ ပါဝင် ဖြေ
ဆိုသူ တွေ က ပြောပါတယ်။
နယူးယောက် တက္ကသိုလ် ရဲ့  စစ်တမ်း ကို ကိုး ကား ပြီး ဖော်ပြထား တဲ့ နယူးယောက် ဒေးလီး
နယူး သတင်း စာ ကတော့ ဒီလိင် ဆက် ဆံ နည်း ကျယ် ပြန့် လာတာ ဟာ ခောတ်သစ် လူနေ
မှု စနစ် ကို အခြေခံ တယ်။ မော်တော် ကား ၊ လုပ်ငန်း ခွင် အတွင်း နဲ့  မတော်တဆ ရင်းနှီးမှု
တွေ မှာ ဒီနည်း လမ်း က နေ ကာ မ စပ်ယှက် မှု တွေ ပြု ကြ တယ် လို့  ဖော်ပြထား ပါတယ်။
ရုပ်ရှင် ကား တွေ မှာ လည်း ကာမ ဂုဏ် အာရုဏ် ခံ စားမှု တွေ ကို နည်း အမျိုးမျိုး နဲ့ ဖော်ပြ
လာခဲ့ တာ က တစ်ကြောင်း ၊ လိင်ဖျော်ဖြေရေး ဗီဒီယို တွေ မှာ တွေ့ ရတဲ့ ဆန်းကြတယ့် ချစ်
တင်း နှော မှု တွေ ဟာ ခေတ်ကာလ စုံ တွဲ တွေ ရဲ့  ကာမ စပ်ယှက် မှု ကို အများ ကြီး သက်
ရောက်မှု ရှိတယ် လို့  ဆိုပါတယ်။
တဲ့ လေ့လာ မှု တစ်ခု မှာ ဖော်ပြ ထား ပေမယ့် ။ ရိုက် နှက် နာကျင် ပြီး ကာမ ဆက်ဆံ တာ ဟာ ကာမ ဆက် ဆံ မှု တွေ ရဲ့ 
၆ ရာ ခိုင် နှုန်း ပဲ ရှိ သေး တဲ့ အတွက် ၄၀ ရာခိုင် နှုန်း လောက် ဖြစ် နေတဲ့ Oral Sex ကို မမှီ သေး ဘူး လို့  ၊ အမေရိကန်
အခြေစိုက် ကူးစက် ရောဂါ များ ပြန့် ပွား မှု ထိန်း ချုပ် ရေး ဌာန က ညွှန်ကြား ရေး မှုး ဂျေ ဂျေ အပ်ဟိုလ်ဆန် က ရိုက်နှက်
နာ ကျင် မှု တွေ လုပ် ပြီး လိင် ဆက် ဆံ တာ ၂၀၀၀ ခု နှစ် မှာ ၃ ရာ ခိုင် နှုန်း လောက် ပဲ ရှိ ခဲ့ ပြီး ၂၀၁၀ ရောက် တော့ ၆.၂
ရာ ခိုင် နှုန်း ရောက် သွား တယ်။ Oral Sex က ၂၀၀၀ ခုနှစ် မှာ ၃၂ ရာ နှုန်း ရှိ ပါတယ် လို့  ဆိုပါတယ်။
Female First က ပြု လုပ် တဲ့ စစ်တမ်း မှာတော့ အစာသွင်း လမ်း ကြောင်း နဲ့  ကာမဂုဏ် အာရုံ ခံစား မှု ပြု တာ ကို
မိန်း ကလေး တွေ က ပို နှစ် သက် ကြ ပြီး ၊ အသက် အပိုင်း အခြား အရာ ဆယ် ကျော်သက် က နေ အသက် ၃၀
အတွင်း အရွယ် တွေ က ကြိုက် နှစ်သက် ကာ ၊ တက္ကသိုလ် ကျောင်းသူ တွေ ၊ ကော်လာ ဖြူ ၀န်ထမ်း တွေ နဲ့  နည်းပညာ
ဝန်ဆောင်မှု လုပ် ငန်း တွေ မှာ လုပ် နေတဲ့ သူ တွေ ဟာ ဒီနည်း လမ်း ကို စွဲ မက် ကြ တယ် လို့  ဆိုပါတယ်။
ချီကာမြို့  က ဘဏ်လုပ်ငန်း ဆိုင် ရာ ဆော့ဖ်ဝဲလ် တီထွင် မှု ကုမ္ပဏီ က ဂျန်း ရှုလ်ချေဇ် က တော့ သူ့ ရဲ့  ချစ်သူ
နဲ့  တွေ့ ဆုံ ဖြစ်တဲ့ အခါ တိုင်း ကျွန်မ တို့  နှစ်ယောက် စလုံး အကြိုက် ချင်း တူ တဲ့ နည်း ကို ပဲ အသုံး ပြု တယ်။
သူ က အဲဒီ မှာ အချိန် အတော် ကြာကြာ ကျွန် မ အကြိုက် လိုက် ပေး တယ် ….. ကျွန် မ အရမ်း သဘောကျတာ
ပဲ လို့  ပြောပါတယ်။
အသက် (၁၈) ပြည့်မှ ဖတ်ပါ။
အိပ်ခန်းထဲမှ အချစ်ဟာ သင့်အတွက် ကင်ဆာရောဂါကို အောင်နိုင်ပြီး နှလုံးရောဂါကို ကာကွယ်နိုင်တဲ့ အပြင် အရွယ်တင် နုပျိုစေပါတယ်။ လိင် ဆက်ဆံမှု ပြုလုပ်တာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ပိုကောင်းမွန်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ ဖော်ပြ လိုက်ပါတယ်။
၁။ အရွယ်တင်နုပျိုစေပါတယ်
တစ်ပတ်ကို အနည်းဆုံး လေးကြိမ် လိင်ဆက်ဆံမှု ပြုလုပ်တဲ့ လင်မယားတွေဟာ ပုံမှန် လူကြီးတွေထက် ၁၀ နှစ်ကျော်ခန့် ပိုပြီး အရွယ်တင်နုပျို စေနိုင်တယ်လို့ Royal Edinburhg ဆေးရုံမှ သုတေ သန ပြုလုပ်ချက်အရ သိရပါတယ်။ “လိင်ဆက်ဆံ မှုကြောင့် ရရှိတဲ့ ပျော်ရွှင် ကျေနပ်မှုဟာ အရွယ်တင် နုပျိုဖို့အတွက် အရေးကြီး အချက် ဖြစ်တဲ့ adrenaline, dopamine နဲ့ noradrenalin တွေ ထုတ်လုပ်နိုင် ပါတယ်” လို့ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကု Dr.Dowid က ပြောပါတယ်။
“ဒါ့အပြင် လိင်ဆက်ဆံမှုကြောင့် Growth ဟော်မုန်းတွေ ထွက်လာပြီး လေထု ညစ်ညမ်း မှုကြောင့် ရရှိလာတဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ခိုက်နိုင်ပါတယ်။ ဒါကြောင့် အရေပြား Cell နံရံတွေ မပျက်စီးအောင် ထိန်းနိုင်ပြီး ကြွက်သားတွေ Relax ရစေကာ အရေးအကြောင်းတွေ မပေါ်အောင် ကူညီနိုင်ပါတယ်” လို့ ဆက်ပြောပါတယ်။
ပိုမိုကောင်းမွန်အောင်
ကာမဂုဏ် လိုက်စားတာ မဟုတ်ဘဲ သင်ရဲ့ ဇနီးမယားနဲ့ ပုံမှန် လိင်ဆက်ဆံမှု လုပ်တာကြောင့် စိုးရိမ် ကြောင့်ကြမှု များတာနဲ့ မိမိကိုယ်ကို လုံခြုံမှုမရှိတာလိုမျိုး အချက်တွေ မရှိတော့ဘဲ ငယ်ရွယ် နုပျိုအောင် နေနိုင်ပါတယ်။ အိမ်ထောင်သည် အသက်ရှည်ရတဲ့ သော့ချက်တွေ အနေနဲ့ ဓာတုပစ္စည်း Response တွေရအောင် လှုံ့ဆော်မှု အနေနဲ့ လင်မယားချင်း ပွေ့ဖက်တာနဲ့ ထိတွေ့ကိုင်တွယ်မှု လုပ်တာတွေကို ၁၅ မိနစ်ခန့် လိင်ဆက်ဆံမှု မပြုလုပ်ခင်နဲ့ ပြုလုပ် အပြီးမှာ ပြုလုပ်ပေးပါ။
၂။ အအေးမိရောဂါကို ကာကွယ်နိုင်ပါတယ်
တစ်ပတ်ကို အနည်းဆုံးနှစ်ကြိမ် လိင်ဆက်ဆံမှုကြောင့် အအေးမိရောဂါနဲ့ တခြား ဗိုင်းရပ်စ် ရောဂါတွေကို ကာကွယ်နိုင်တဲ့ Antibody ဖြစ်တဲ့ Immunoglobulin ရာခိုင်နှုန်း မြင့်တက် လာနိုင်တယ်လို့ wikes တက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။
ပိုမိုကောင်းမွန်အောင်
ဒီလို သဘာဝအလျောက်ထွက်လာတဲ့ Antibodies တွေ ပိုရရှိအောင် Sex ကို အချိန် ကြာကြာ လုပ်ပေးရပါမယ်။ ဒါကြောင့် လိင်ဆက်ဆံမှုကို Position မျိုးစုံလုပ်ပေးပါ။
၃။ ကင်ဆာကို ကာကွယ်နိုင်ပါတယ်
အသက် ၂၀ အရွယ်မှာ တစ်ပတ်ကို အနည်းဆုံး ခုနှစ်ကြိမ် သုက်လွှတ်တဲ့ အမျိုးသားတွေဟာ တစ်ပတ်ကို သုံးကြိမ်လောက်သာ သုက်လွှတ်တဲ့ အမျိုးသားတွေထက် အသက်ကြီးလာရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေသုံးဆ နည်းတယ်လို့ သြစတြေးလျ ကင်ဆာ အဖွဲ့မှ လေ့လာမှုအရ သိရပါတယ်။ မကြာခဏ သုက်လွှတ်တာကြောင့် ဆီးကျိတ်ပြွန်ထဲမှ ကင်ဆာ ဖြစ်စေနိုင်တဲ့ Carcinogens စုဆောင်းမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်လို့ သုတေသန ခေါင်းဆောင် ပါမောက္ခ Graham Giles က ပြောပါတယ်။
ပိုမိုကောင်းမွန်အောင်
တစ်နေ့တည်းကို ခဏခဏ သုက်လွှတ်မည့်အစား နေ့စဉ်တစ်ကြိမ်စီ သုက်လွှတ် ပေးတာဟာ အကျိုးရှိဆုံးပါ။
၎။ နာကျင်မှု ပျောက်စေပါတယ်
လိင်ဆက်ဆံပြီးနောက် စိတ်ကျေနပ်မှု ရနေတာဟာ နာကျင်မှုကို သက်သာစေတယ်လို့ Biology and Medicine ဂျာနယ်မှ သုတေသနပြုချက်အရ သိရပါတယ်။ လိင်ဆက်ဆံမှု ကြောင့် ခန္ဓာကိုယ်ရဲ့ သဘာဝ အကိုက်အခဲ ပျောက်ဆေး Endorphins တွေဟာ တစ်မိနစ် အတွက် သုံးဆလောက် မြင့်တက် လာပါတယ်လို့ အင်္ဂလန်နိုင်ငံ Paisley တက္ကသိုလ်မှ Sexual Psychologisl ကပြောပါတယ်။ လိင်ဆက်ဆံမှုကြောင့် ခါးနောက်ကျော နာတာနဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာတွေ သက်သာသွားတဲ့ အထောက် အထားတွေ ရှိတယ်လို့ ဆိုပါတယ်။
ပိုမိုကောင်းမွန်အောင်
သင့်မှာ နာကျင်မှုရှိနေရင် ကြမ်းတမ်းတဲ့ လိင်ဆက်ဆံမှုကို ရှောင်ပါ။ ညင်ညင်သာသာ နှေးနှေး ကွေးကွေးနဲ့ အချိန်ကြာတဲ့ ဆက်ဆံနည်းကို အသုံးပြုပါ။ လိင်ဆက်ဆံမှုပုံစံအမျိုးမျိုးကိုပြောင်းပေးပါ။
နာကျင်မှု ပိုမို သက်သာအောင် ပိုတက်စီယမ် ပါဝင်မှုများတဲ့ စပျစ်သီးတွေ စားပေးပါ။
အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ - အချစ်နဲ့ လိင်
အချစ်ဟာ ဘ၀အတွက် အဓိက လိုအပ်ချက်မဟုတ်ပေမဲ့ အချစ်မရှိရင်
ဘ၀မှာပျော်ရွှင်မှုဆိုတာတွေလည်း ပျောက်ဆုံးကုန်ရော။ အချစ်နဲ့ပတ်သက်လာရင် လူတိုင်းမှာ
ခံစားချက်ကိုယ်စီရှိကြတယ်။ ထင်မြင်ချက် ကိုယ်စီလည်း ရှိကြပါတယ်။
ကျနော်အခုပြောပြချင်တာက ဘာလို့ ယောကျာ်းလေးမိန်းကလေး တော်တော်များများဟာ
ချစ်သူတစ်ဦးတည်းကို တသက်လုံး ဘာလို့မချစ်နိုင်တဲ့အပေါ် သုံးသပ်ကြည့်မိတဲ့
အကြောင်းအရာတွေပါ။
ဖောက်ပြန်ကြတယ်ဆိုတဲ့အသံတွေကို နေရာတိုင်းမှာကြားနေရတယ်။
အရွယ်ရောက်ပြီးကြတဲ့လူတိုင်း ဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးတာများပါတယ်။
ကိုယ့်ရည်းစားကရှုပ်တယ် ဆိုပြီး ပြတ်သွားကြတဲ့ သမီးရည်းစားတွေကလည်းမနည်းပါဘူး။
ဘာလို့လဲ။ အချစ် အချစ် ဆိုတဲ့ အကြောင်းကို သေချာမသိကြလို့လေ။ အချစ်နဲ့ လိင်ကို
သေချာမသိကြလို့ ဖောက်ပြန်နေကြတာပေါ့။ ငယ်ငယ်က မိဘအချစ်ငတ်ခဲ့ရသူ၊ အချစ်ဦးက
ရက်ရက်စက်စက်အသည်းခွဲပြီး အပစ်ခံခဲ့ရသူ တော်တော်များများဟာ ရှုပ်တတ်ကြတယ်။
ဖောက်ပြန်တတ်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ အချစ်ဆိုတဲ့အရာကို မယုံကြတော့ဘူးလေ။
အချစ်က လုံခြုံမှု တည်မြဲမှုကိုမပေးနိုင်ဘူးလို့ထင်နေကြတယ်လေ။ ကိုယ့်လိုပဲ
မြာပွေတဲ့သူတွေ ချည်းပဲလို့ ထင်မှတ်နေကြတယ်လေ။ ရည်းစားတွေထည်လဲတွဲ ပြီး
သူတို့မှာလိုအပ်နေတဲ့အချစ်တွေကို ဖြည့်ကြတာပေါ့။ ဒါကအချစ်ရှာနေတာ
မဟုတ်ပါဘူး။လိင်ပါ။
တချို့ကျတော့ အချစ်စစ်နဲ့ကို ချစ်ကြတာပါ။ ဒါပေမဲ့ သူ့တို့
ရှေ့ဆက်လျှောက်ဖို့ အချစ်လမ်းခရီးက အခက်အခဲတွေရင်ဆိုင်ကြတဲ့အခါမှာ နားလည်မှုတွေ၊
ယုယမှုတွေ၊ ချစ်စကြင်စကလို တက်ကြွမှုတွေကို ချစ်သူနှစ်ဦးစလုံးက
ပျိုးထောင်ပေးဖို့မေ့နေကြတော့ အထီးကျန်မှုတွေ သိမ်ငယ်မှုတွေပေါ်လာတော့တာပေါ့။ ဒါကလည်း
လူတိုင်းမှာ ချစ်သက်တမ်းရှည်လာသမျှ ငြီးငွေ့မှုတွေ ဖြစ်လာတတ်ကြတာ သဘာဝပဲလေ။
အထူးသဖြင့် လိင်အမှုကို ဦးစားပေးတဲ့ သမီးရည်းစားတွေဆို
ပိုပြီးကွဲဖို့အခွင့်အရေးများတယ်။ ချစ်သူရဲ့ ကိုယ်သင်းနံ့၊ လှပမှုအဆင်း၊
ကိုယ်လုံးကိုယ်ပေါက်၊ လိင်ဆက်ဆံမှု၊ ဟန်အမူအရာ၊ စကားသံလေးတွေဟာ ချစ်စခင်စက
ဘယ်လောက်ပဲချစ်ဖို့ကောင်းပါတယ် ပြောပြော ကြာရင် အီသွားကြတာပဲ။ ရိုးသွားကြတာပဲ။
ပေါက်စီ ဘယ်လောက်ကောင်းကောင်း မနက်တိုင်း သားရေစာကို ဒါပဲစားနေရတော့
ပြောင်းပြီးစားချင်လာကြတယ်လေ။ ဒါတွေဟာ လူတွေရဲ့သဘာဝပဲလေ။ အပြောင်းအလဲလေးတွေကို
အချောင်ရရင် အားလုံး ပြောင်းစားကြည့်ချင်ကြတာပါပဲ။
ခိုးစားကြည့်ကြတယ်လေ။ကာယံကံအမှုနဲ့ မဟုတ်တာတောင် ၀စီကံလေးတွေ၊ မနောကံလေးတွေနဲ့
ခံစားကြည့်တတ်ကြတယ်။ မမိသေးသရွေ့တော့ ချစ်သူနဲ့ အဆင်ပြေနေတာပေါ့။ မိသွားကြတော့
ကွဲကြပြဲကြတော့တာပဲ။မိန်းကလေးကော ယောကျာ်းလေးတွေအားလုံးလုပ်နေကြတာပါ။
ရှက်လို့တာဖုံးထားကြတာ။ လိမ်နေကြတာပါ။ ကျနော်ပြောတာမယုံရင် နေ့တိုင်းတက်နေတဲ့
အွန်လိုင်းကို ကြည့်လေ။ လင်ရှိမယားရှိ ရည်းစားရှိ ပိုင်ရှင်ရှိပြီးသားတွေတောင်
ကိုယ်ကြိုက်တဲ့ ချောချောလှလှ ကောင်လေး(သို့)ကောင်မလေးတွေနဲ့ မိတ်ဆွေဖြစ်နေရရင်
ပျော်လို့ကို မဆုံးကြပါဘူး။ အဖြူရောင်ခင်မင်မှုတွေလို့တာပြောနေကြတာပါ။ သူတို့နဲ့
စာပေးစာယူ စကားပြောနေရတဲ့အချိန်ဟာ ကိုယ့်ချစ်သူနဲ့ ပြောတဲ့အချိန်တွေထက်တောင်ပိုပြီး
ပျော်နေကြတယ်၊ ရင်ခုန်နေကြတယ်၊ စိတ်ချမ်းသာနေကြတယ်ဆိုရင် ဒါဟာလည်း ကာယကံ
မနောကံတွေနဲ့ ကိုယ့်ချစ်သူအပေါ်ဖောက်ပြန်နေတာပဲလေ။ ပေါက်စီမစားတော့ပဲ
ဟန်ဘာကာပြောင်းစားကြည့်တာနဲ့အတူတူပဲလေ။
ကိုယ့်ရည်းစားအပေါ် ဘယ်လောက်ချစ်တာပါလို့ ပဲ ပြောပြော
ဒီလိုဖောက်ပြန်နေကြတဲ့သူတွေ အများကြီးပါ။ မိန်းကလေးတွေက ကျနော် ဒီလိုပြောတာကို
ကပ်သီးကပ်သတ်ပြောနေတယ်လို့ထင်ကြမှာပဲနော်။ မင်းသားတွေအဆိုတော်တွေကိုကြိုက်နေကြတာ၊
ဘောလုံးသမားတွေ အားကစားသမားတွေကို ကြိုက်နေကြတာလည်း ဖောက်ပြန်နေတာပဲလေ။ သူတို့က
ပြန်မကြိုက်ကြလို့တာ ကိုယ့်ချစ်သူနဲ့ ဘာမှမဖြစ်ကြတာ။ တဖက်က
တကယ်ပြန်ကြိုက်ပါတယ်လို့တာ ပြောကြည့်ပါ။ ကိုယ့်ချစ်သူကို ပစ်ပြီး ကောက်ကောက်ပါအောင်
လိုက်သွားကြမည့်သူတွေ အများကြီးပါ။ အနေဝေးတယ် လွမ်းတယ် အထီးကျန်ဆန်နေတယ် ဆိုတဲ့
ခံစားချက်တွေကိုဦးစားပေးပြီး ငါ့ချစ်သူမသိပါဘူးဆိုပြီး ဖောက်ပြန်နေကြတဲ့သူတွေလည်း
အများကြီးပါပဲ။ ရေဆေးလိုက်ရင် ပြီးတာပဲဆိုတာမျိုးတွေပေါ့။ ကိုယ့်ချစ်သူက
သိတာမှမဟုတ်တာ။ တခါခိုးစား နောက်လည်း အခွင့်ရတိုင်း ခိုးစားတတ်လာကြတယ်လေ။
ခိုးစားတတ်နေတုန်းတော့ အဆင်ပြေနေဦးမှာပါ။ အရိုးတော့ မဆူးစေနဲ့ပေါ့။
ချစ်သူထက်အပေးကောင်းတဲ့သူနဲ့တွေ့ သွားလို့ကတော့ ချစ်သူကို ပစ်သွားပြီး
တခြားသူဆီလိုက်ကြတော့တာပဲလေ။
ကြားဖူးတာများနေလို့ပြောနေတာနော်။ကောင်မလေးတွေ.တော်တော်များများက ....
ကျနော်တို့ယောကျာ်းလေးတွေကပဲ မကောင်းဘူးထင်နေမှာစိုးလို့ပါ။
ယောကျာ်းလေးတော်တော်များများကတော့ အချောင်ရရင်
အကုန်စားမှာပဲလေ။ E majorကကောင်မလေး ၁၈နှစ်ပဲရှိသေးတယ်။ သူ့မှာ ရည်းစားလည်းရှိတယ်။
သူနဲ့သူ့ရည်းစားက ရွယ်တူတွေ။ သူက အင်းစိန်မှာနေတာလေ။ တော်တော်လေး
ချောတာပါ။ကျနော့်အသိ
လမ်း၄၀နားက(လမ်းအတိအကျမပြောချင်လို့ပါ)အသက်၄၀ကျော်ဘိုးတော်တစ်ယောက်နဲ့ခင်သွားတယ်။
သူ့မှာ မိန်းမလည်းရှိ၊ သားကလည်း ဒီကောင်မလေးနဲ့ ရွယ်တူပဲလေ။ကောင်မလေးက
ရည်းစားနဲ့အဆင်မပြေတိုင်း ဘိုးတော်ဆီလာတယ်လေ။ ဘိုးတော်က အချော့လည်းကောင်း
အပြောလည်းကောင်း နာမည်လည်းကြီးတဲ့သူဆိုတော့ ကောင်မလေးက ခင်တာပေါ့။မကြာပါဘူး
၃လလောက်ပဲရှိသေးတယ်။ ဘိုးတော်နဲ့ ဖြစ်ကြရော။ နောက်ပိုင်း ဘိုးတော်ဆီကို အမြဲလာတယ်။
သူ့ရည်းစားက သူ့လောက်အပေးမကောင်းဘူးဆိုပဲ။ သိပ်မကြာပါဘူး သူက သူ့ရည်းစားကို
ဖြတ်လိုက်တယ်။ မပျော်တော့လို့တဲ့။ သူ့ကောင်လေးမှာ အသည်းကွဲပြီး ရူးမတတ်ကျန်ခဲ့တာပါ။
အချစ်ဦးကို။ ကောင်မလေးကတော့ ဘိုးတော်နဲ့ပျော်နေလိုက်တာ။ သူတို့နေတဲ့ပုံတွေတောင်
အမှတ်တရ ရိုက်ထားကြတာ။ အပေါ်ကချည်းပဲ။ အားလုံးရင်သပ်ရှုမောပါပဲ။ လိင်လိင်လိင်တွေပါ။
လူတွေဟာ အချစ်အချစ်လို့ ပြောနေကြပြီး လိင်ကိုရှာဖွေနေကြတာပါ။ အချစ်ဆိုတာ
အလွန်သန့်ရှင်းတဲ့အရာပါ။ ဒီလို အချစ်ရေးမှာအဆင်မပြေတိုင်း
နောက်ရည်းစားအသစ်ရှာနေကြတာတော့မကောင်းပါဘူး။ ကိုယ့်ချစ်သူက ရှုပ်နေ
ပွေနေတာတကယ်မှန်လို့ ရည်းစားသစ် ပြောင်းရှာတာ ကိုတော့ အပြစ်မပြောပါဘူး။
မြန်မြန်ဖြတ်လေ ကောင်းလေပါပဲ။ ဒီလိုလူနဲ့ ပြတ်သွားတာ ကိုယ့်အတွက်ပိုကောင်းတယ်လေ။
နောင်ရေးအတွက်လည်း စိတ်ဆင်းမရဲရတော့ဘူးပေါ့။အလိုမလိုက်လို့၊ နားလည်မှုမရှိလို့၊
အချော့မကောင်းလို့၊ သူများလို အပျော်တွေမပေးနိုင်လို့၊ Romanticမရှိလို့၊
ရေခဲတုံးကြီးမလို့ဆိုပြီးတော့ ရည်းစားကိုဖြတ်တာကတော့ မကောင်းပါဘူး။ ချစ်သူတိုင်း
နားလည်ထားဖို့က ကိုယ်ကလည်း မဖောက်ပြန်အောင်နေတတ်ကြဖို့ပါ။ အချိန်တိုင်း
ကိုယ့်ချစ်သူကို ချစ်နေတတ်ကြဖို့ပါ။ ပေါက်စီ စားရတာ အီလာလို့ ဟမ်ဘာကာပြောင်း
စားချင်ရင် ချစ်သူကို ပွင့်ပွင့်လင်းလင်းပြောပြီး ဟမ်ဘာကာဖြစ်အောင်
အမျိုးမျိုးပြောင်းပြီးလုပ်စားကြပေါ့။ လိင်ကိုချည်း ဦးစားမပေးကြပါနဲ့။
ဝါသနာ၊ အလုပ်၊အားကစားတွေမှာလည်း ချစ်သူနှစ်ဦးလုံး
အကြိုက်တူအောင် ညှိနိုင်ကြရင်ပိုကောင်းပါတယ်။ အားလပ်ချိန်တိုင်းမှာ
ချစ်သူနှစ်ဦးအတူ ခံစားပျော်ရွှင်နိုင်လို့လေ။ လိင်ထက်တောင်
ပိုပြီးကြာရှည်တည်မြဲပါတယ်။ပျော်ရွှင်မှုတွေကို ပိုပြီးပေးနိုင်ပါတယ်။ ဒါတွေက
အရွယ်ရောက်လာလေ ချစ်သူနှစ်ဦးပိုချစ်လာအောင်ဖန်တီးပေးနိုင်ကြလေပါပဲ။
ကိုယ့်ချစ်သူနဲ့အတူ ကျန်းမာရေးလိုက်စားတတ်အောင် ပျိုးထောင်ထားကြပါ။ အားလပ်ချိန်မှာ
ဝါသနာပါရာလေးတွေကို အတူ ခံစားနိုင်အောင် ညှိထားကြပါ။ သီချင်းကြိုက်ရင်
သီချင်းနားထောင်ပေါ့။ ရုပ်ရှင်ကြိုက်ရင် ရုပ်ရှင်ကြည့်ကြပေါ့။ အချက်အပြုတ်ကြိုက်ရင်
နှစ်ယောက်အတူတူ ချက်ပြုတ်ပြီးစားကြပေါ့။ ခရီးထွက်တာကြိုက်ရင် အတူခရီးထွက်ကြပေါ့။
ဒါပေမဲ့ ဒါတွေလုပ်ဖို့ အရမ်းကြီး ဖိအားပေးမလုပ်ကြပါနဲ့။အကြိုက်ချင်းတူအောင်
လုပ်ဖို့က နည်းနည်းခက်တယ်လေ။ အချစ်တွေပိုပြီးတိုးလာချင်လို့တာ လုပ်နေကြတာလေ။ တခါတလေ
အလုပ်မအားလို့ အရေးပေါ်အကြောင်းတွေရှိလာလို့ ဆိုပြီး
အစီအစဉ်တွေပြတ်သွားတာတွေရှိနိုင်တယ်လေ။ဒါကို ငါထက်ပိုပြီး
ဦးစားပေးရမည့်အရာတွေရှိနေတယ်ပေါ့လို့ စိတ်ဆိုးသွားပြီး ချစ်သူတွေရန်ပွဲဖြစ်ကြရတာလဲ
ခဏခဏပါပဲ။ ဒီလိုအချိန်မှာလည်း နားလည်မှုတည်ဆောက်နိုင်အောင် ကြိုးစားကြပါ။ အချစ်ဆိုတာ
နားလည်မှုပါ။ ကိုယ့်ချစ်သူအပေါ် နားလည်တတ်မှုပါ။ ကိုယ့်အချစ်အပေါ်မှာလည်း
နားလည်တတ်မှုပါ။
အချစ်စစ်နဲ့ ချစ်မိကြတာမှန်ရင် နားလည်မှုကို
အရင်တည်ဆောက်ကြပါ။ ဘာပဲလုပ်လုပ် အချစ်ကို ရှေ့တန်းတင်ပါ။ လိင်ကို လျှော့ပါ။
သိမ်ငယ်မှု၊ အထီးကျန်ဆန်မှုဖြစ်နေတယ်ဆိုတဲ့အတွေးတွေကို လျှော့ပါ။ ကိုယ့်အချစ်ကို
တန်ဖိုးထားပါ။ ကိုယ့်အချစ်ကို တန်ဖိုးရှိလာအောင်လုပ်ကြပါ။ ချစ်စကြင်စကလို
အချစ်စိတ်တွေမပျောက်သွားအောင် မြတ်နိုးကြပါ။ ဖောက်ပြန်ချင်တဲ့စိတ်တွေပေါ်လာတိုင်း
ကိုယ့်ချစ်သူလေးမျက်နှာကို ပြန်မြင်ကြပါ။ ချစ်သူအပေါ် ပြောခဲ့တဲ့ စကားတွေ၊
ချစ်မိခဲ့တဲ့အဖြစ်လေးတွေကို ပြန်စဉ်းစားကြည့်ကြပါ။ ချစ်သူများနေ့မှာ
ကိုယ့်ချစ်သူတွေကို မေးကြည့်ပါ။ ကိုယ့်ကို ဘာလို့ချစ်တာလဲ။ အပျော်သဘောအတွက်လား။
တသက်လုံးအတွက်လားလို့။ တသက်လုံးအတွက်လို့ အဖြေပေးရင် တို့ဒီနေ့ကစပြီး တယောက်ကို
တယောက် တနေ့တခြား ပိုချစ်မြတ်နိုးတတ်လာအောင် ကြိုးစားကြမယ်နော် ဆိုပြီးပြောလိုက်ပါ။
ရှေ့ဆက်ရမည့်အချစ်ခရီးလမ်းမှာ ဖောက်ပြန်ချင်တဲ့စိတ်တွေမဖြစ်လာအောင်လို့လေ။
ကိုယ့်ဘက်က ဖောက်ပြန်တဲ့စိတ်တွေဖြစ်လာတိုင်း ဒီစကားလေးကို သတိရကြပါ။
အချစ်လိုနေတာလား။ လိင်လိုနေတာလားလို့။ ကိုယ့်မှာ အချစ်ပိုင်ဆိုင်ထားရင် ဘာနဲ့မှ
မလဲနိုင်တဲ့ လိင်အရသာကို ပိုင်ဆိုင်ထားတာပဲဆိုတဲ့အချက်ကိုလည်း မမေ့ကြပါနဲ့။ လိင်က
အချစ်ကို မပေးနိုင်ပါဘူး။ အချစ်စစ်အချစ်မှန်က အချစ်တွေ အကြင်နာတွေ ယုယမှုတွေ
လိင်ပျော်ရွှင်မှုတွေ အရာရာအားလုံးကိုပေးနိုင်ပါတယ်။ ဖောက်ပြန်စိတ်ဟာ တခဏပါ။
ဒီအတွက်နဲ့ကိုယ့်မှာရှိနေတဲ့ တန်ဖိုးရှိတဲ့အချစ်တွေ
ဆုံးရှူံးသွားနိုင်တယ်ဆိုတာကိုလည်း မမေ့ကြပါနဲ့။ ညစ်ပတ်သွားတိုင်း ရေဆေးလိုက်ရင်
သန့်သွားတာပဲဆိုတဲ့ အရာတွေထဲမှာ အချစ်စစ်အချစ်မှန်မပါပါဘူး။ အချစ်စစ်အချစ်မှန်ဆိုတာ
အချစ်ကို တန်ဖိုးထားနားလည်တတ်တဲ့ ချစ်သူတွေကြားမှာတာရှိတာပါ။ တကယ်ချစ်မိရင်
နားလည်ကြမှာပါ။ အချစ်စစ်ဆိုတာ သူများနဲ့ ဝေခွဲလို့လဲမရဘူး။ ဖောက်ပြန်တာကိုလည်း
ခွင့်မလွှတ်နိုင်ဘူးလေ။ ကိုယ့်ချစ်သူက ကိုယ့်အပေါ် မြတ်မြတ်နိုးနိုးပေးနေတဲ့
အချစ်စစ်အချစ်မှန်တွေကို ကိုယ်ကလည်း မြတ်နိုး တန်ဖိုးထား တတ်ရမယ်လေ။
ယုံကြည်မှုတည်ဆောက်နိုင်အောင် ဖောက်ပြန်နေတဲ့စိတ်တွေကို
အချိန်တိုင်းထိန်းသိမ်းနိုင်ရမယ်လေ။ အတိတ်က ပွေခဲ့ ရှုပ်ခဲ့ မှားခဲ့တာတွေကို
ခွင့်လွှတ်နိုင်ပေမဲ့ အချစ်စစ်နဲ့ စချစ်မိပြီဆိုကတည်းက ထပ်မဖောက်ပြန်အောင်
ထိန်းသိမ်းနိုင်ရမယ်လေ။အချစ်စစ်ဆိုတာ အတိတ်က အမှားတွေကို ခွင့်လွှတ်နိုင်ပေမဲ့
လက်ရှိ ထပ်ကျူးလွန်နေတဲ့ ဖောက်ပြန်မှုအမှားတွေကိုတော့ ခွင့်မလွှတ်နိုင်ဘူးလေ။
လိင် ဆက်ဆံစဉ် ကွန်ဒုံး အသုံးပြုပုံ မှားယွင်းမှု များကို သုတေသန ပညာရှင် များက ဖော်ထုတ်
ယောက်ျား တစ်ယောက် လိင်တံဟာ လိင် ဆက်ဆံဖို့အတွက် ဘယ်လောက် ရှိသင့်လဲ။ ပြည်ပြည်စုံစုံ ပြောပြပေးပါ။
လှိုင်ဝင်းအောင်
ယောကျာ်းတို့သည်မည်သည့်အချိန်တွင် ရေငုံနှုတ်ပိတ်နေသင့်တယ်ဆိုတာမသိပါ
Written By leypyay on Mar 21, 2012 | 5:24 PM
စိတ်ဝင်စားစရာကောင်းတာနဲ့ ကောင်လေးက ချက်ချင်းသဘောတူလိုက်တယ်။
အဲ့လိုပဲ . .သူတို့အိမ်ထောင်သက် အနှစ်( ၃၀ ) ကျော်သည့်တိုင် ချစ်ရည်လူးတဲ့အခါတိုင်းအဲ့ဒီအလေ့အကျင့်လေးကို ယူသွားဖြစ်လိုက်တယ်။
လိုချင်တာလေးတွေ ဝယ်ဖို့၊ သုံးဖို့စွဲဖို့ တောင်းတာပဲဖြစ်မှာပါဆိုပြီး ကောင်းလေးက မှတ်ချက်ပြုထားတာပေါ့။ ကောင်မလေးရဲ့ချစ်စရာ အပြုအမူလေးတစ်ခုမို့လည်း ကြည့်ကြည့်ဖြူဖြူပေးခဲ့တာပေါ့။
တစ်ရက်တော့ နေလယ်လောက်မှာ အလုပ်ကနေ အရက်တွေအရမ်းမူးပြီးပြန်လာတဲ့ ခင်ပွန်းသည်ကိုတွေ့တော့ ဇနီးသည်အံ့သြသွားတယ်။
တစ်ခါမှ ဒီလို အချိန်မှာ မသောက်စဖူးထူးခြားနေတာပေါ့။
အိမ်ထဲရောက်ပြီးခဏအကြာမှာ ဇနီးသည်လေး မမေးခင် အကြောင်းစုံကိုဖွင့်ပြောပြလိုက်တယ်။
"" ကို တို့ အလုပ်ရှင်က လုပ်ငန်းတွေ ကျဆင်းလာတဲ့အတွက် ကိုယ့်ကို အလုပ်ကနေ ဖြုတ်ပစ်လိုက်တယ်ကွာ အသက် ( ၅၉ ) နှစ်အရွယ်ရောက်ပြီဆိုတော့ အလုပ်သစ်ရှာနိုင်မယ့်ပုံလည်း မပေါ်တော့ပါဘူး။ ကုမ္ပဏီတွေကလည်း အလုပ်ခန့်မယ် မထင်တော့ပါဘူး မိန်းမရာ။ အားကိုးစရာ သားသမီးလည်း မရှိတော့ ရေရှည်မှာ စားဝတ်နေရေးအဆင်မပြေ မှာစိုးတယ်ကွာ။"
ဆိုပြီး မျက်ရည်လေးဝဲပြီး ဝမ်းနည်းစွာ ပြောပြနေရှာတယ်။
ဇနီးဖြစ်သူက အေးဆေးတည်ငြိမ်စွာပဲ ယောက်ျားကို နှစ်(၃၀) ကျော်သက်တမ်းရှိတဲ့ ဘဏ်စာအုပ် ထုတ်ပြလိုက်တယ်။ စာအုပ်ထဲမှာတော့ ကာလကြာရှည်ထားရှိလို့ ရလာတဲ့အတိုးအမြတ်တွေ ပေါင်းရင် ဒေါ်လာတစ်သန်း နီးပါးရှိတယ်။
နောက်ထပ် ဒေါ်လာ နှစ်သန်းကျော်စာရင်းရှိတဲ့ ဘဏ်စုငွေ လက်မှတ်တစ်ခုကိုလည်း ထပ်ပြလိုက်တယ်။
ယောကျာ်းဖြစ်သူ မျက်လုံးဝိုင်းသွားတယ် ပြီးတော့ သူဘာမှမပြောနိုင်သေးခင်မှာ ဇနီးသည်က ထပ်ရှင်းပြတယ်။
"ဒီပိုက်ဆံတွေဟာ ချစ်ရည်လူး(having sex)တဲ့ခါတိုင်း တောင်းထားတဲ့ပိုက်ဆံတွေပါ။ အဲ့ဒီပိုက်ဆံတွေကို ဘဏ်ထဲမှာ နှစ်သုံးဆယ်ကျော်ကြာ အောင် မှန်မှန်စုဆောင်းလာနိုင်ခဲ့လို့ ခုလို အများကြီးဖြစ်လာတာပေါ့။ ကျွန်မတို့ ဒီပိုက်ဆံတွေနဲ့ ကောင်းကောင်း ရင်းနှီး လုပ်ကိုင်စားလို့ ရတယ် မဟုတ်လား ကို ရဲ့။"
ယောကျာ်းဖြစ်သူ စကားမပြောနိုင်လောက်အောင် အံ့အားသင့်သွားတယ်။ နှောင်ရေးအတွက် အိုစာမင်းစာ လေးမစုဆောင်း မိခဲ့ပါလားဆိုတဲ့ နောင်တတွေလည်း လိမ္မာ ပါးနပ်တဲ့ မိန်းမရဲ့ အမျှော်အမြင်ကြီးမှုအောက်မှာ ပျောက်သွားတယ်။
အရမ်းဝမ်းသာသွားပြီး အမှတ်မထင် စကားတစ်ခွန်းကို အားရပါးရ ပြောလိုက်မိတယ်။
မိန်းမ တစ်ယောက် ရဲ့နောက်ဆုံး အပျိုစင်
"အပျိုစင်”ဆိုတဲ့
စကားလေး(၃)ခွန်းဟာ
စကားအရာ(၃)ခွန်းဆိုပေမယ့် ထိန်းသိမ်းရတာတော့ ခက်ပါ
လားနော်အမေကမွေးပြီးအချိန်မှစလို့ အရွယ်ရောက်တဲ့အချိန်၊
ဆယ်ကျော်သက်ရူးမိုက်တတ်စ အ ချိန်တွေမှာ ထိန်းသိမ်း ရ ခက်ခဲပါတယ်။
ကိုယ်တိုင်စောင့်ရှောက်မှုနဲ့အတူ အမေ့ရဲ့သွန် သင်ဆုံးမမှုတွေေ ကြာ င့် သာ
ဆယ်ကျော်သက် ဆိုတဲ့ ဘ၀လေးကနေ အသိဥာဏ်တွေရင့်ကျက်တဲ့ အသက်အရွယ်အထိ
“အပျိုစင်”ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကို ထိန်းသိမ်းနိုင်ခဲ့တာပါ။
မဆုမွန် (RFA)
ဆယ်ကျော်သက်အရွယ်နဲ့အတူ
ဒွန်တွဲပြီးဖြစ်ပေါ်လာတတ်တဲ့ အချစ်ဆိုတဲ့အရာဟာ အရွယ်နဲ့မမျှအောင်
အင်အားကြီးမားခဲ့တာမို့ ရင်ခုန်သံတွေရဲ့နောက်ကို ပါမသွားလေရအောင်
ခက်ခက်ခဲခဲနဲ့ ထိန်းသိမ်းခဲ့ ရသူတွေ ကတော့ ကျွန်မတို့
မိန်းမသားတွေမဟုတ်လား…။
ရင်ခုန်သံတွေ စတင်ပြီး ခုန်လာတတ်စမှာတော့ သိပ်ချစ်တာပဲဆိုတဲ့ စကားလေးတစ်ခွန်းဟာ မိန်းမ တစ်ယောက် အတွက် တန်ဘိုးမဖြတ်နိုင်ပါဘူး…မိန်းမတစ်ယောက်ဟာ သူမရဲ့ဘ၀ကြီးတစ်ခုအတွက် ရှိသမျှ အချစ်တွေ အားလုံးကို ပေးချင်တတ်ကြပါတယ်၊အဲ့ဒီအရွယ်ဟာ..ဆယ်ကျော်သက် အရွယ်လေး ပါ…ဘာကိုမှ မစဉ်းစားချင်၊ ဘာကိုမှလည်း မဆုံးဖြတ်ဘဲ….တဒိန်းဒိန်းခုန်နေတာကို အချစ်လို့ မှတ်ယူ တတ်ခဲ့လို့ပါပဲ…။
ခုတော့လည်း ရင်ခုန်သံတွေက တဆင့်ကျော်လာခဲ့ပြီမို့ အချစ်ဆိုတာကို နားလည်သယောယောင်တော့ ရှိလာသလိုလို…ဒါပေမယ့်လည်း မိန်းမတစ်ယောက်ရဲ့စိတ်ဟာ ခန့်မှန်းရခက် သားလား။ ယောက်ျားတွေ တွေ့ တိုင်းဆွေ့ဆွေ့ခုန်၊ ရင်ခုန်ခြင်းမျိုးလည်းမဟုတ်။ ရင်ခုန်သံတွေ တဒိန်းဒိန်းမြည်နေ ခဲ့ တိုင်းလည်း မိန်းမတွေ မချစ်တတ်ခဲ့…။ ဒါဆို…ကျွန်မတို့ မိန်းမတွေရဲ့ အချစ်ဆိုတာကို ဘယ်လိုနား လည်ရမလဲ။
ဆယ်ကျော်သက်ရဲ့အထက် နှစ်ဆယ်ကျော်အရွယ်အစမှာတော့ အချစ်ကိုရှာဖွေချင်သူဖြစ်လာခဲ့ပြန်ပါပြီ… ရှာဖွေချင်သော်ငြားလည်း ရှာမရခဲ့။ တိတ်တိတ်လေး ရင်ထဲမှာကြိတ်နေပြီး ချစ်တဲ့သူကို လိုက်ရှာနေ မိတော့သည်…ဆယ်ကျော်သက်အရွယ်ကစိတ်မျိုးမဟုတ်ခဲ့…မိန်းမတစ်ယောက်ဟာ သူမမြတ်နိုးသူ၊ သိပ်ချစ် တတ်တဲ့သူကိုသာ ရှာဖွေတတ်သည်…ယောက်ျားတစ်ယောက်က ချစ်သလား၊ ကြိုက် သလားဆို တဲ့ အရာကို မစဉ်းစားမိ… စကားပုံတစ်ခုလိုပါပဲ… မချစ်ဘူးလို့ အချစ်ရူး….အချစ်ဦးမို့ အချစ်ထူးဆိုသလိုပါပဲ ပစ်ပစ်ခါခါ၊ နှစ်နှစ်ကာကာချစ်ဖို့ ကြိုးစားပြန်သည်….အချစ်တွေ စုဆောင်းပြီး တောင်ပုံကြီး တစ်ခုလို ဖြစ်လာတဲ့အခါ မိန်းမတစ်ယောက် ရဲ့အချစ်ဟာ…လောဘဆိုတဲ့အရာနဲ့ ဒွန်တွဲလာပြန်ပါတယ်…။ သူမပေးထားသော အချစ်တွေ အတွက် ယောက်ျားတစ်ယောက်ဆီက အစွမ်းကုန်လိုချင်သော အချစ်တစ်ခုပေါ့…ဆန့်ကျင်ဘက်တစ်ခုကတော့ ပေးဆပ်ခြင်းဆိုတဲ့စိတ်တစ်ခုရယ်ပါ။
မိန်းမတစ်ယောက်ဟာ ယောက်ျားတစ်ယောက် အရမ်းချစ်တတ်တဲ့ စိတ်တွေရှိ လာတဲ့ အချိန် နှ လုံးသား တစ်ခုကိုပါ စတေးပြီးချစ်တတ်ကြပါတယ်။ ဒါပေမယ့် မိန်းမတစ်ယောက်ဟာ အဲ့ဒီအချိန်မှာ အချစ်ဆို တဲ့အရာကို ဆန်းစစ်ရှာဖွေနေချိန်လို့ ပြောလို့ရနိုင်သလို သေရာပါမယ့်အချစ်မျိုးဆိုရင် လည်း မှား မယ် မထင်ပါဘူး။
နောက်ဆုံးအပျိုစင်ဘ၀…နောက်ဆုံးဆိုတဲ့ စကားလေးတစ်ခွန်းကို ကြားမိတာနဲ့ မိန်းမတစ်ယောက်ရဲ့ မကြားချင်ဆုံးသော စကားတစ်ခွန်းပါ။ မိန်းမတွေဟာ လောဘကြီးတယ်လို့ ယောက်ျားတွေရဲ့ တဖက်သက် အမြင်တွေကို စွပ်စွဲခဲ့မယ်ဆိုရင်…သူမပြောပြချင်ပါတယ်…
ယောက်ျားတစ်ယောက်ရဲ့အချစ်ဆိုတာ ဘ၀ရဲ့တစ်စိတ်တပိုင်းပါ…မိန်းမတစ်ယောက်ကတော့ သူမရဲ့ အပျိုစင် ဆိုတဲ့ ဘ၀လေးကို စွန့်လွှတ်ရတော့မယ်ဆိုတဲ့အသိစိတ်တစ်ခုဟာ မီးတောင် တစ်ခုပေါက် ကွဲမ တတ် ခံစားရ တတ်ကြပါတယ်…ဘာကြောင့်လဲဆိုတဲ့အဖြေတစ်ခု မိန်းမတွေမှာ ရှိပါတယ်…အဲ့ဒီ အချိန်မှာ မိန်းမတွေ ဟာ အချစ်ဆိုတဲ့အရာကို နှလုံးသားနဲ့ရော ဦးနှောက်နဲ့ပါ အသိစိတ်တွေက ရင့်ကျက် သွားခဲ့ လို့ပါ။
မိန်းမတစ်ယောက်ရဲ့ အပျိုစင်ဘ၀ကို သူမချစ်တဲ့သူနဲ့ ဖြတ်သန်းလိုက်ရမလား..သို့မဟုတ် သူမ မချစ် မနှစ်သက် သူနဲ့ ဖြတ်သန်းလိုက်ရမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေက မိန်းမတစ်ယောက်ကို အကြီးအကျယ် ရိုက်ခတ်စေပါတယ်..ကျွန်မတို့မိန်းမသားဘ၀တွေမှာ…နောက်ဆုံးအပျိုစင်ဘ၀ ကုန်ဆုံးသွားခဲ့ရင် အရာ အား လုံးဟာ ပျောက်ဆုံးနေခဲ့ပါပြီ။ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ရင်ထဲကခံစားချက်၊ လွတ်လပ်ခွင့်တွေဟာ နည်းပါး သွား ခဲ့ရပါပြီ။ ရှေးရိုးအစဉ်လာတည်းက မိန်းမတစ်ယောက်ဖြစ်ခဲ့ရင် မီးဖိုချောင်မှာ ချက်ပြုတ်လုပ်ရတဲ့အလုပ်ပဲ လုပ်ရမယ်လို့ သတ်မှတ်ချက်တစ်ခုဟာ မိန်းမတစ်ယောက်အတွက် အခွင့် အရေးတွေကို လက်လွတ်ဆုံးရှုံးရသလိုဖြစ်စေပါ တယ်။
အပျိုစင်ဘ၀တွေမှာ ရွေးချယ်ပိုင်ခွင့်၊ လွတ်လပ်ပိုင်ခွင့်၊ အများနှင့်တန်းတူ ပညာသင်ခွ င့်တွေ ဟာ နောက်ဆုံး အပျိုစင်ဘ၀မှာ စွန့်လွှတ်ခဲ့ရပါသည်။ အပျိုစင်ဘ၀လေးကို မစွန့်လွှတ်ခင်အချိန်ကလေးမှာ ကျွန်မတို့မိန်းမတွေ ဘယ်လောက်ထိ ခက်ခက်ခဲခဲနဲ့ ထိန်းသိမ်းခဲ့ရတယ်ဆိုတာ သိနိုင်မယ်ဆိုရင်……

လိင်ပညာ ကျောင်းတွေမှာ ဘယ်လိုပေးမလဲ
ဗြိတိန်မှာ ဆယ်ကျော်သက် ၃ ပုံ ၂ ပုံက လိင်-ကျန်းမာရေး ပညာပေးတာကို ဆရာတွေကနေ ပေးထာထက် သူတို့ထက် နဲနဲကြီးတဲ့ လူငယ်-လူရွယ်ချင်းကနေ ပေးတာကို ပိုသဘောကျတယ်လို့ သုတေသနတခုက ဆိုလိုက်ပါတယ်။သူတို့ဆီမှာ Sex and relationship education (SRE) လိင်-ကျန်းမာရေး နဲ့ အတူတွဲ-ဆက်ဆံရေး ပညာပေးတာလို့ သုံးနှုန်းပါတယ်။
ComRes ကနေ လေ့လာမှုတခု ပြုခဲ့တယ်။ အသက် ၁၃ နှစ်ကနေ ၁၇ နှစ်ကြား လူငယ်လေးတွေရဲ့ ထက်ဝက်က သူတို့ ဆရာတွေကို ဒီလိုမေးခွန်းမျိုးမေးရတာ ကသိကအောင့် နိုင်တယ်လို့ ပြောကြတယ်။ သူတို့ရတဲ့ အသိပညာ မစုံလှဘူး ထင်တယ်လို့ ဆိုသူ အရေအတွက်ကလည်း တဝက်ရှိတာ တွေ့ရတယ်။ သုံးပုံတပုံကတော့ သူတို့ထက် နဲနဲကြီးတဲ့ လူငယ်-လူရွယ်ချင်းကနေ ပေးတာကို ပိုပြီး သဘောကျကြတယ်။
အစိုးရအနေနဲ့ လူမှုရေးနဲ့ လိင်ပညာရေးအပါအဝင် ကျန်းမာရေး ပညာရေးလုပ်ပေးရာမှာ လူပုဂ္ဂိုလ်တွေရဲ့ ကဏ္ဍကို လေ့လာနေပါတယ်။ လက်ရှိအခြေအနေမှာ ဆရာ-ဆရာမတွေအနေနဲ့ အထူးကျွမ်းကျင်မှု သင်တန်းမျိုး မလိုကြပါ။ ကျောင်းသားတွေအဖို့လဲ သူတို့ မိဘတွေကနေ တောင်းဆိုမှု ရှိမှသာ သင်ယူချင် သင်ယူလို့ ဖြစ်ပါတယ်။
ဥပဒေအရ ကျောင်းသားတိုင်းဟာ မျိုးပွါးစနစ်ရဲ့ ဇီဝဗေဒကိုတော့ သင်ယူကြရတယ်။ Sexuality လိင်မှုအရေး၊ Sexual relationships လိင်ဆက်ဆံရေး၊ Family planning မိသားစုစီမံကိန်း ပညာပေးတာတွေကတော့ မသင်မနေရထဲမှာ မပါပါ။ ဒါကို ပြင်တော့မယ်လို့ ဆိုတာကိုလဲ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။
Family Planning Association (FPA) မိသားစုစီမံကိန်း အဖွဲ့အစည်းကတော့ ဒီလိုဟာတွေပါ ဥပဒေထဲထည့်ဘို့ (ကင့်ပိန်း) လုပ်နေတယ်။ “အစောပိုင်းမှာ သင်ကြားမှုညံ့တာဟာ နောက်ပိုင်းမယ် ဆိုးဝါးတဲ့ နောက်ဆက်တွဲတွေ ရစေနိုင်တယ်” လို့ သူတို့က ထောက်ပြကြတယ်။
FPA ပြောရေးဆိုခွင့်ရှိသူ Rebecca Findlay ကနေပြောတာက
"ဆိုပါစို့ ပထဝီသင်နေတဲ့ ဆရာ-ဆရာမတယောက်၊ အသက် ၂၆ နှစ်၊ သူ့ကို ချက်ချင်းဘဲ လိင်-ကျန်းမာရေးပါ သင်ပေးပါဆိုမယ်။ ဒီပညာဟာ (စပါယ်ရှယ်) ဘာသာရပ်ပါ။ ဒီအချက်ကို သိဘို့လိုပါတယ်။"
“ရွယ်တူ-သူငယ်ချင်းချင်း သင်ပေးတာမျိုးက အစိတ်အပိုင်းတခုသာ ဖြစ်သင့်တယ်။ အရည်အချင်း ပြည့်ဝတဲ့ ဆရာ-ဆရာမတွေလဲ လိုပါတယ်။”
“သတ္တဗေဒ သင်ရသလို မဟုတ်ဘူး။ ကျမတို့ဟာ လူငယ်လေးတွေကို ကျွမ်းကျင်မှုရော၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရော၊ ကိုယ့်တန်ဘိုးကိုရော သိအောင် သင်ပေးရမယ်။ ဒါမှ သူတို့ဟာ လိင်အရေးနဲ့ ပတ်သက်လာရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ကြလိမ့်မယ်။”
“ပြည့်စုံမှန်ကန်တဲ့ သတင်းအချက်အလက်တွေ၊ လမ်းညွှန်တွေ မပြည့်စုံရင် တနေ့မှာ Sexual abuse လိင်ပိုင်းဆိုင်ရာ စော်ကားမှုတို့ Bullying and consent လှည့်စားခံရတာတို့ ဖြစ်လာစေနိုင်တယ်။”
(မှတ်ချက်။ ဗြိတိန်နိုင်ငံ နဲ့ မြန်မာနိုင်ငံ အဆင့်အတန်းချင်း မတူပါ။ ဗြိတိန်မှာနေသူတွေနဲ့ မြန်မာတွေ မတူတာတွေ အများကြီးရှိတယ်။ သူတို့ဆီမှာ သာတာတွေ ရှိသလို၊ ခြာတာလို့ ကျွန်တော်တို့က မြင်ကြတာတွေ ရှိတယ်။ ကိုယ့်နိုင်ငံက ကိုယ့်လူမျိုးတွေအတွက် အကောင်းဆုံး ပညာတွေပေးဘို့တော့ လိုအပ်နေတယ်။ သုတေသန ကောင်းကောင်းတွေ ရှိရမယ်။ ဆန်းစစ်မှုတွေ၊ အယူအဆတင်ပြခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ သိက္ခာရှိရှိ ငြင်းခုန်မှုတွေကနေ ကောင်းတာတွေကို ထုတ်ပြီး ဥပဒေလုပ်သင့်ပါတယ်။)
စင်ကာပူ မိန်းကလေး ငယ်တွေ အလွန်လိုက်စားလာ တဲ့ အပျော် အချစ် ဇာတ်လမ်း တွဲလေးများ(၂)
From:bikyamasr
ဒါကလက်ရှိစကာင်္ပူမှာအမျိုးသမီးငယ်တွေရဲ့ ရမ္မက်ဖြည့်စွက်မှုဇာတ်လမ်းလေး (အပျော်အချစ်ဇာတ် လမ်း များ) တွေထဲ ကအဖြစ်ပျက်လေးတခုပါ၊အသက်၁၈နှစ်ရှိ စကာင်္ပူပထမနှစ်ကျောင်းပြီးထားတဲ့တက္ကသိုလ်ကျောင်းသူလေး သူမရဲ့တည်ငြိမ်စွာ ပြောပြတာက သူမရဲ့အတွေ့အကြုံနှင့် ဘယ်လိုလူတွေနှင့် တွေ့ဆုံပြီး တတ်ကျွမ်းကျင်လာ ခဲ့ပုံကို ပြောပြလာပါတယ်၊ငယ်ရွယ်တဲ့ တက္ကသိုလ်ကျောင်းသူအများစုတွေဟာ အဆင့်တန်းမြင့်မြင့်နေချင်ကျပါတယ်လို့ပြောပါတယ်၊ ဒါကြောင့်ငွေလိုတယ်! ငွေလဲရှာ စိတ်ဆန္ဒလိုအင်တွေလဲပြည့်ဆိုသလိုပေါ့၊.....(ငွေသည် လောကကြီးကိုသာယာအောင်လုပ်ပေးနိုင်တဲ့ စွမ်းရည်များကိုပိုင်ဆိုင်ထားသူပါလားနော်!....)
ဒီအတွက် ကောင်လေးတွေတော်တော်များများနှင့် အချိမ်းအချက်ပြုလုပ်ကျတယ် အများတွေ့ကြုံ နေရတာ က အားလုံးဟာ သူမကိုအပြင်ခေါ် ထုတ်ဖို့ကြိုးစားကျပြီး နောက်ဆုံး ညအိပ်နေကျဖို့ပါဘဲတဲ့! သူမကလဲ အမြဲသူမ သဘောကျတဲ့သူတွေအချို့နှင့်ချိမ်းတွေ့ကျပါတယ် တဲ့!သေချာတာက သူတို့တတွေအကောင်းဆုံးအချိန်မှာ တွေ့တာကောင်းပါတယ်လို့ LeeAnne ဆိုသူ က bikyamasr ကိုပြောပါတယ်၊ ယောကျာင်္းနှင့်ဆက်ဆံတာ အဆင်မပြေတဲ့အခါမှာ စိတ်ဆန္ဒာ ကျေနပ် ဖို့လုပ်ရပါတယ်တဲ့ သို့သော် ဒီလိုရက်တွေကို သူမကလဲ မနှစ်သက်ပါဘူးတဲ့"သူမက မကြာခင်မှရေးသားပုံနှိပ်သော asiaone.com မှာ "sex addiction" in the country လိင်နောက်ဆက်တွဲ (အပျော်အချစ်ဇာတ်လမ်းများ) တွေ ဒီမှာရှိနေကျပြီ ဆိုတာ ရေးသားဖော်ပြလာကျ ပါပြီတဲ့!သူမတို့တတွေ လိင်ဆက်ဆံကျပါတယ်၊ သို့သော် မိန်းမတော်တော်များတွေမှာ လိင်ဆက်ဆံမှုများ နှင့်ပတ်သက်ပြီး သူမတို့စိတ်တိုင်းမကျတာကို စိတ်မကောင်းစွာတွေ့နေရတာနှင့် ဒါလို ဆက်လက်ပြီး ကျေနပ်မှုမရရှိသောမိန်းမတွေပေါင်းပြီး အဖွဲ့အစည်းလေး ဖြစ်လာတာဖြစ်ကြောင်း သူမပြောပါတယ်။
သူမတို့တတွေနှင့် သူမအုပ်စုတွေရဲ့ ချိန်းတွေ့ကျတဲ့နေရာက ကျွန်းအနှံနာမည်ကြီးကော်ဖီဆိုင်တွေပါဘဲလို့ နေရာကိုတော့ အတိကျမရှိတဲ့ ချိန်းတဲ့နေရာအနှံလဲပေါ့နော်!သူမသူငယ်ချင်း Jumana ကအချက်ကျကျပြောပြီးအကြံပေးတာက "sex addction" ဆိုတာက တခါတရံ အမှန်တကယ် လိုအပ်နေတဲ့မိန်းခလေးတွေအတွက် တိုက်ပွဲတွေပါလို့ပြောပါတယ်၊ "အလွန်အန္တရယ်များတဲ့ နေရမှာရောက်နေတာပါတယ်တဲ့" ဘယ်လိုနေရာတွေမှာ မမြင်ရတဲ့ ပုန်းလျှိးဖွတ်လျှိုးလုပ်စားတဲ့ ကြေးစားယောင်္ကျားတွေ သို့မဟုတ် အဓမ္မမုဒိမ်းကျင့်သမားတွေ သို့မဟုတ် လိင်အတွက် ရုတ်တရက် တိုက်ခိုက်တတ်သူတွေရဲ့အန္တရယ်တွေရှိတတ်တာကြောင့်တကြောင်း ဒီလိုအန္တရာယ်တွေ မရှိတဲ့ အားလုံးအတွက် "sex addiction" က ဆွေးနွေးတိုင်ပင်လို့ရတဲ့နေရာ အကြံတွေယူလို့ရတဲ့ သို့မဟုတ် စိုးရိမ်စရာမရှိတဲ့တန်ဖိုးဖြတ်လို့မရတဲ့နေရာလေး ဖြစ်တယ်လို့ပြောပါတယ်။
လူငယ်နဲ့ လိင်ပညာရေး
လိင်ပညာရေး (sex education) ဆိုသည်မှာ လိင်ပိုင်းဆိုင်ရာပညာရေး၊ လိင်မှုနဲ့ မိတ်ဖက်ဆက်ဆံမှုပညာ
ရေး ဖြစ်ပြီး လိင်မှု၊ လိင်စရိုက်လက္ခဏာ၊ မိတ်ဖက်ဆက်ဆံရေးနဲ့ ရင်းနှီးကျွမ်းဝင်မှု တို့နဲ့ ပက်သက်သော
ယုံကြည်ချက်နဲ့ အတွေးအခေါ်များ တည်ဆောက်ရန်အတွက် သတင်းအချက်အလက်ရယူခြင်း ဖြစ်စဉ် ဖြစ်
ပါတယ်။
ထို့အပြင် လူငယ်များအနေနဲ့ သူတို့ရဲ့ကိုယ်ပိုင်အမူအကျင့်နဲ့ ပက်သက်တဲ့ ရွေးချယ်စရာများကို သိရှိနား
လည်ပြီး အဲဒီရွေးချယ်မှုများအပေါ်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရန် ဗဟုသုတပြည့်ဝရန် စွမ်းရည်များ
ပျိုးထောင်ပေးခြင်းလည်း ဖြစ်ပါတယ်။
ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားသည်မှာ လူငယ်များမှာ လိင်မှုပညာရေးနဲ့ ပက်သက်တဲ့ အခွင့်အရေးရှိကြ
ပါတယ်။ အကြောင်းကတော့ ဒီနည်းနဲ့ သူတို့ဟာ ခေါင်းပုံဖြတ်မှု၊ လွဲမှားစွာ ပြုမှုခံရမှု၊ မလိုအပ်ဘဲကိုယ်ဝန်
ဆောင်မှု၊ လိင်ပိုင်းဆိုင်ရာ ရောဂါများ၊ အိပ်ခ်ျအိုင်ဗွီနဲ့ အေအိုင်ဒီအက်စ်တို့မှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်
နိုင်ကြမှာ ဖြစ်လို့ပါ။ ဒါ့အပြင် သူတို့အပေါ် အကျိုးသက်ရောက်တဲ့ ကိစ္စတွေနဲ့ ပက်သက်ပြီး သူတို့လိုအပ်
ချက်တွေ ပြည့်စုံဖို့ သတင်းအချက်အလက်ရယူခွင့် ရှိကြပါတယ်။ ၎င်းက သူတို့ကို လိင်မှုဆိုင်ရာမှာ နှစ်
သိမ့်မှုရရှိစေပြီး ကောင်းမွန်တဲ့ မိတ်ဖက်ဆက်ဆံရေးတွေ ထူထောင်နိုင်စေမှာဖြစ်ပါတယ်။
လိင်ပညာရေးရဲ့ ရည်ရွယ်ချက်တွေဟာ ဘာပါလဲ။
လိင်ပညာရေးဟာ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေကနေ တစ်ဆင့် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်
ပေါ်လာမှုကို တားဆီးရန်၊ လျှော့ချရန် ရည်ရွယ်ပါတယ်။ ဥပမာအားဖြင့် မလိုချင်တဲ့ ကိုယ်ဝန်၊ မစီစဉ်ထား
တဲ့ ကိုယ်ဝန်ဆောင်မှု၊ အိပ်ခ်ျအိုင်ဗွီအပါအ၀င် လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါတွေ ရရှိခြင်းတို့ ဖြစ်ပါတယ်။
ထို့အပြင် လူငယ်များအတွက် ကိုယ်ပိုင် လိင်မှုသဘောတရားတွေကို မှန်ကန်စွာ သိရှိတွေ့ကြုံစေပြီး သာ
ယာတဲ့ ဆက်ဆံရေး၊ ဘ၀ခရီးအတွင်း သတင်းအချက်အလက်ပြည့်ဝစွာ ရယူပြီး ဆုံးဖြတ်ချက်ချနိုင်မှုတို့ကို
လုပ်ဆောင်ပေးရန် ရည်ရွယ်ပါတယ်။ ထိရောက်တဲ့ လိင်ပညာရေးဟာ လူငယ်တွေကို လုံခြုံမှုလည်း ရရှိစေ
ပြီး ကိုယ်ပိုင် လိင်မှုကိစ္စရပ်တွေမှာ ကျေနပ်ပျော်ရွင်စေပါတယ်။
ထိရောက်တဲ လိင်ပညာရေးက ဘယ်လိုစွမ်းရည်တွေ ဖြစ်ပေါ်စေပါသလဲ။
လူငယ်တွေရဲ့ စွမ်းရည်ကို ဖွံ့ဖြိုးတိုးတက်စေရာမှာ လိင်ပညာရေးဟာ သတင်းအချက်အလက်ပေးတာ
တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။
လိင်ပညာရေးနဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ လူငယ်တွေမှာ ဖွံ့ဖြိုးလာရမယ့် စွမ်းရည်တွေထဲမှာ ပိုပြီးယေဘု
ယျဆန်တဲ့ ဘ၀စွမ်းရည်တွေပါ ပါပါတယ်။ ပေါင်းသင်းဆက်ဆံနိုင်မှု၊ နားထောင်နိုင်မှု၊ ညှိုနှိုင်းဆွေးနွေးနိုင်မှု၊
အကူအညီနဲ့ အကြံပေးမှုကို ရှာဖွေရယူနိုင်မှု စတာတွေဟာ လိင်မှုဆိုင်ရာ ဆက်ဆံရေးတွေမှာလည်း အ
ရေးကြီးတဲ့ ဘ၀စွမ်းရည်တွေပါ။ ထိရောက်တဲ့ လိင်ပညာရေးက ဆွေးနွေးမှု၊ ဆုံးဖြတ်ချက်ချမှု၊ မိမိယုံကြည်
တာကို တောင်းဆိုတင်ပြနိုင်မှုနဲ့ နားထောင်နိုင်မှုဆိုတဲ့ စွမ်းရည်တွေကိုပါ လူငယ်တွေမှာ ဖြစ်ပေါ်စေရမှာပဲ
ဖြစ်ပါတယ်။
အခြားအရေးကြီးတဲ့ စွမ်းရည်တွေကတော့ အခြားလူတွေဆီက ဖိအားကို သိမြင်ပြီး တွန်းလှန်နိုင်ခြင်း၊ သမ
ရိုးကျ ကျိုးကြောင်းဆင်ခြင်မှု မရှိတဲ့ အယူအဆတွေကို စိန်ခေါ်နိုင်ခြင်း၊ မိဘ ဆရာနဲ့ ကျွမ်းကျင်သူတွေဆီ
က အကူအညီကို ရယူတောင်းဆိုနိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။
လူငယ်တွေအနေနဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်နဲ့ မမှန်ကန်တဲ့ သတင်းအချက်အလက်ကို ခွဲခြား
နားလည်ရန်၊ လိင်နဲ့ လိင်မှုကိစ္စရပ်တွေနဲ့ ပက်သက်တဲ့ လူမှုရေးဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ ပြဿနာတွေ
ကို ဆွေးနွေးနိုင်ရန်(ကိုယ်ဝန်ဖျက်ချမှု၊ ကလေးတားဆေးသုံးစွဲမှု စတာတွေနဲ့ ပက်သက်တဲ့ ယဉ်ကျေးမှုပိုင်း
ဆိုင်ရာ မတူညီတဲ့ အယူအဆတွေ အပါအ၀င်) တို့ကိုလည်း လူငယ်များအတွက် ထိရောက်တဲ့ လိင်ပညာ
ရေးက ကူညီပေးရမှာ ဖြစ်ပါတယ်။
ဘယ်လိုဗဟုသုတနဲ့ အတွေးအခေါ်များ ဖြစ်ပေါ်စေမလဲ။
လူငယ်တွေဟာ လိင်၊ လိင်မှုကိစ္စရပ်တွေနဲ့ ပက်သက်ပြီး အမျိုးမျိုးသော အတွေးအခေါ်၊ ယုံကြည်ချက်
တွေနဲ့ တွေ့ကြုံကြရလေ့ ရှိပါတယ်။ တခါတရံ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အရာတွေ တွေ့ရပြီး စိတ်ရှုပ်စရာ
ဖြစ်ရပါတယ်။ ဥပမာ အချို့ကျန်းမာရေးဆောင်ပုဒ်တွေက လိင်မှုအပြုအမူတွေနဲ့ ပက်သက်တဲ့ အန္တရယ်
တွေအကြောင်း အဓိကထား ပြောဆိုနေချိန်မှာ သတင်းမီဒီယာတွေက လိင်ပိုင်းဆိုင်ရာ တက်ကြွမှုဟာ လူ
တစ်ယောက်အတွက် ပိုမိုဆွဲဆောင်မှုရှိမှု၊ ပိုမိုရင့်ကျက်မှုကို ပြဆိုတယ်လို့ ရေးသားပြောဆိုနေကြပါတယ်။
ဒီလို အထိမခံတဲ့ ကိစ္စတွေမှာ လူငယ်တွေနဲ့ လိင်ပညာရှင်တွေမှာ ဘယ်လိုအယူအဆတွေ လူတွေ ရှိသင့်
သလဲ၊ ဘယ်လိုစာရိတ္တဘောင်အတွင်းမှာ လူတွေ ပြုမူကျင့်ကြံသင့်သလဲဆိုတာနဲ့ ပက်သက်ပြီး မတူညီတဲ့
ခိုင်မာတဲ့အမြင်တွေ ရှိကြပါတယ်။
ထိရောက်တဲ့ လိင်မှုပညာရေးဟာ လူငယ်တွေကို ဘာကြောင့် လူတွေ လိင်ဆက်ဆံကြသလဲ၊ ဘယ်လိုစိတ်
ခံစားမှုတွေ ပါဝင်သလဲ စတာတွေကို စဉ်းစားတွေးခေါ်မိစေသလို မိမိကိုယ်ကို လေးစားတန်ဖိုးထားမှု၊အခြား
သူများရဲ့ ခံစားချက်၊ ဆုံးဖြတ်ချက် စတာတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။
လူငယ်တွေအနေနဲ့ ယောကျာ်းမိန်းမမတူညီမှု၊ လူမျိုးနဲ့ လိင်မှုကိစ္စရပ်တွေမှာ မတူကွဲပြားမှုတွေက လူတွေ
ရဲ့ ရွေးချယ်မှုနဲ့ စိတ်ခံစားချက်ပေါ်မှာ လွှမ်းမိုးတာကို သိမြင်နိုင်ပါတယ်။ မိမိတို့ကိုယ်ပိုင်အတွက်လည်း
ဘယ်လိုကောင်းမွန်တဲ့ အရည်အသွေးတွေ ရှိတဲ့ ဆက်ဆံရေးတည်ဆောက်မလဲဆိုတာ ဆုံးဖြတ်နိုင်ပါတယ်
။ အနိုင်ကျင့်မှု၊ ရှေးရိုးဆန်မှု၊ တလွဲပြုမူမှုနဲ့ မတရားပြုမှုတို့ဟာ ပေါင်းသင်းဆက်ဆံရေးအပေါ်မှာ ဘယ်လို
မကောင်းတဲ့ လက္ခဏာ သက်ရောက်တယ်ဆိုတာ နားလည်ဖို့ လိုအပ်ပါတယ်။
ဒါဆို လူငယ်တွေကို ဘယ်လိုသတင်းအချက်အလက်တွေ ပေးကြမလဲ။
သတင်းအချက်အလက်ကတဆင့် လူငယ်တွေဟာ ပြည့်ပြည့်စုံစုံနဲ့ မှန်ကန်တဲ့ အယူအဆတွေ ဖြစ်ပေါ်နိုင်
မှာဖြစ်လို့ အင်မတန် အရေးကြီးပါတယ်။ အောက်ပါခေါင်းစဉ်တွေအတိုင်း ပေးဖို့ လိုအပ်ပါတယ်။
(၁)လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနဲ့ မျိုးပွားမှု
အရွယ်ရောက်ချိန်နဲ့ ဆက်စပ်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ အပြောင်းအလဲများ၊ မျိုးအောင်
ခြင်းနဲ့ ကိုယ်ဝန်ဆောင်ခြင်း အပါအ၀င် မျိုးပွားမှု၊ ကူးစက်တတ်သော ရောဂါများ
(၂)ကိုယ်ဝန်တားခြင်း
ကလေးတားသော နည်းလမ်းများရဲ့ အလုပ်လုပ်ပုံ၊ အသုံးပြုပုံ၊ ဘာကြောင့် အသုံးပြုပုံ၊ ဘယ်လိုရရှိနိုင်ပုံ
(၃)ကြင်ဖက်ဆက်ဆံရေးများ
အချစ်နဲ့ သစ္စာရှိမှု၊ လက်ထပ်ခြင်းနဲ့ ယှဉ်တွဲနေထိုင်ခြင်း၊ မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ နည်းဥပဒေသများ ၊
ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ အယူအဆများ စသည်။
ဘယ်အချိန်မှာ စတင် သင်ကြားပေးသင့်သလဲ။
လူငယ်များ အရွယ်မရောက်မီ၊ ၎င်းတို့ရဲ့ လိင်မှုအပြုအမူတွေ အခြေတကျ မဖြစ်ပေါ်ခင် စတင်သင့်ပါတယ်
။ ဘယ်အသက်အရွယ်မှာ ဘယ်လို သတင်းအချက်အလက် ပေးရမလဲဆိုတာက သူတို့ရဲ့ ရုပ်ပိုင်း စိတ်ပိုင်း
နဲ့ ဥာဏ်ရည်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ နားလည်မှုအနေအထားပေါ် မူတည်ပါတယ်။
အရေးကြီးတာက လိင်ပညာရေးကို စောစောစတင်သင့်ပြီး ဆက်လက် လေ့လာသွားနိုင်ဖို့ဖြစ်ပါတယ်။ငယ်
ရွယ်စဉ်မှာ အခြေခံကို သိရှိထားပြီး အဲဒီအပေါ်မှာ ပိုမို နက်နဲရှုပ်ထွေးတဲ့ သတင်းအချက်အလက် အသိပ
ညာတွေကို ဆက်လက် တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။
လိင်ပညာရေးကို စောစီးစွာ သင်ကြားမှုက လူငယ်တွေကို လိင်ဆက်ဆံမှု စောစေပါသလား။
အချို့လူတွေက လိင်မှုပညာရေး သတင်းအချက်အလက်တွေကြောင့် လူငယ်တွေဟာ သိချင်စိတ် ဆန်း
သပ်ချင်စိတ်ဖြစ်လာပြီး လက်တွေ့ လုပ်ဆောင်တာတွေ ဖြစ်လာမလားလို့ စိုးရိမ်ကြပါတယ်။ သို့ပေမဲ့ အ
မေရိကန်ကျောင်းများမှာ ပြုလုပ်တဲ့ လိင်ပညာရေးအစီအစဉ်တွေအရ အဲဒီလို မဖြစ်စေဘူးဆိုတာ အခိုင်အ
မာ လေ့လာတွေ့ရှိထားပါတယ်။ အဲဒီအစား လိင်ဆက်ဆံမှု နည်းပါး သွားတာ၊ ဒါမှမဟုတ် ကွန်ဒုံကို ပိုမို
သုံးတာ၊ ဒါမှမဟုတ် နှစ်ခုစလုံးကို တွေ့ရပါတယ်။ လူငယ်တွေဟာ သူတို့ရရှိထားတဲ့ သတင်းအချက်အ
လက်ကို သိမ်းဆည်းထားပြီး လိုအပ်တဲ့အခါ နောက်ပိုင်းမှာ ပြန်သုံးကြနိုင်အောင် ဖြစ်တယ်ဆိုတာ မမေ့သင့်
ပါဘူး။
ဖိုမ ဆက်ဆံစဉ် အမျိုးသမီးများ အထွဋ်အထိပ်အရသာ ခံစားမှုကို ဘယ်လိုရနိုင်မလဲ
ယနေ့ခေတ်၏ တွေ့ကြုံရ အများဆုံးသော လူတိုင်း၏ ဆန္ဒသည် ချစ်မှုရေးရာတွင် ကောင်းမွန်သော ဖိုမ ဆက်ဆံမှု တစ်ရပ်အတွက် စနစ်တကျ လိုက်နာ ဆောင်ရွက်ခြင်း မရှိသောကြောင့် ကျေနပ် သင့်သလောက် မကျေနပ်ရသည်များကို တွေ့ကြုံနေကြရသည်။ ကျေနပ်မှု အမြင့်ဆုံးအဆင့် (အထွဋ်အထိပ်) အရသာသို့ ရောက်ရှိခြင်းသည် အလိုအလျောက် ရောက်ရှိလာရခြင်းမျိုး မဟုတ်ဘဲ ပျိုးယူမှသာ ရနိုင်သည့် ကျေနပ်မှု အရသာ ကောင်းမျိုး ဖြစ်သည်။အမျိုးသမီးများ အနေဖြင့် သာမန် ကျေနပ်နှစ်သိမ့်မှုဖြင့် ကျန်ရစ်နိုင်ခဲ့သည့် တိုင်အောင် သူမ၏ လိင်ဆက်ဆံဖေါ် အနေဖြင့် ကျေနပ်မှု ရချင်မှလည်း ရနိုင်ပေမည်။ အဘယ်ကြောင့် ဆိုသော် သူမအနေဖြင့် လိင်ဆက်ဆံမှု၏ အရသာထူးကို အပြည့်အ၀ ခံစားတတ်သော အပြုအမူ မရှိခြင်းသည် တစ်ဖက် အမျိုးသား အတွက် စိတ်အနှောင့်အယှုက် ဖြစ်စရာ ဖြစ်သည်။ (ခံစားမှု ကောင်းနေပါက ကောင်းနေသည့် အပြုအမူမျိုး မရှိခြင်း မရှိဘဲ သစ်တုံးတစ်တုံးကဲ့သို့ ပြုမူနေခြင်းကို ဆိုလိုသည်။)
ဖိုမ ဆက်ဆံရေးသည် လူသားတိုင်း အတွက် နှစ်သိမ့် ကျေနပ်မှုကို အပေးနိုင်ဆုံးသော အရာဖြစ်ပြီး အလုပ်တစ်ခုကဲ့သို့ ပြီးလွယ် စီးလွယ်နှင့် ဖြစ်မြောက် လောက်ရုံ ဆောင်ရွက်သင့်သော ကိစ္စမျိုး မဟုတ်ပေ။ မိမိတို့၏ ချစ်ဖေါ် နှင့် ဆက်ဆံကြသော အမျိုးသမီး အများစုသည် တစ်ကြိမ်မှ အထွဋ်အထိပ် မရောက်ဖူးသူများ ရှိသလို အလွန်နည်းပါးသော စိတ်ကျေနပ်မှုသာ ရခြင်းများလဲ ရှိတတ်ကြသည်။ ထိုရလဒ်များ၏ အဖြေသည် စိတ်အနှောင့်အယှုက် ဖြစ်စေခြင်းသို့ ပြောင်းလည် ဦးတည် သွားတတ်ပြီး ကာမ၏ အရသာကို နှစ်သက် ခံစားတတ်ခြင်းလည်း လျော့နည်း သွားတတ်ပေသည်။
အမျိုးသမီးများ၏ လိင်ဆက်ဆံမှု အပေါ် နှစ်သက်ကြပုံမှာ တစ်ဦးနှင့် တစ်ဦးမတူဘဲ ကွဲပြားနေခြင်းကလည်း ပြဿနာ တစ်ခုဖြစ်သည်။ တစ်ချို့မှာ ချစ်မှုရေးရာကို ပွင့်လင်းစွာ ခံစားတတ်ကြပြီး တစ်ချို့မှာ မပွင့်တစ်ပွင့်နှင့် အလိုမကျမှုများကိုသာ ဖေါ်ပြ လိုတတ်ကြသည်။ ထိုသို့ ဖြစ်ပျက်ခြင်း၏ အခြေခံ အကြောင်းအရာမှာ မိဘများ အနေဖြင့် သမီးပျိုများကို ကိုယ်ဝန်ရရှိသွားမည် စိုးရိမ်သောကြောင့် အလွန်အကျုံ ဖိနှိပ်ချူပ်ချယ်မှုများ ရှိခဲ့ခြင်း ကလည်း တစ်ကြောင်း အဖြစ် ပါဝင်သည်။
ချူပ်ချယ်မှုများဖြင့် ကြီးထွားလာကြသော မိန်းမပျိုများသည် လိင်ဆက်ဆံဖေါ် တစ်ဦှးနှင့် ရင်ဆိုင်ကြုံတွေ့ လာရပါက ဘယ်က စ၍ ဘာကို လုပ်ရမှန်း မသိတော့ဘဲ အရှက်သည်း မှုများကြောင့် လိုရင်း မရောက်သည်များ ဖြစ်လာရသည်။ အထွဋ်အထိပ် အတွေ့အကြုံ မရှိဖူးသော အမျိုးသမီးများသည် သူမတို့ ကိုယ်တိုင်၏ ကျေနပ် နှစ်သိမ့်မှုကိုလည်း မရှာဖွေတတ်ကြသလို လိင်ဆက်ဆံဖေါ်၏ ကျေနပ်နှစ်သိမ့်မှု အတွက်လည်း မည်သို့ မည်ပုံ ပံ့ပိုးရမည်ကို နားလည် တတ်သိမှု မရှိကြချေ။
လိင်မှု ကိစ္စ ဆိုသည်မှာ တစ်ဦးတည်း ပြီးမြောက် ပျော်ရွှင်၍ ရသော ကိစ္စမျိုး မဟုတ်ဘဲ ပူးပေါင်း ပါဝင်မှု ရှိမှသာ ကောင်းမွန်သည့် ခံစားချက်မျိုး ရှိလာမည့် ကိစ္စမျိုး ဖြစ်သည်။ လိင်ဆက်ဆံသည့် သူများ အနေဖြင့် ဆက်ဆံနိုင်သည့် အသက်အရွယ် ခန္ဓာကိုယ် အနေအထားရှိပြီ ဆိုပါက မိမိကိုယ်ကိုယ် မိမိ မည်သည့် ကာမ အင်္ဂါများကို လှုံ့ဆော် နှိုးဆွပါက ပိုမိုထိရောက်မှု ရှိသည်ကို သိရှိထားရန် မိမိကိုယ်မိမိ အသိပေးထားရန် လိုအပ်သည်။
ထိုကဲ့သို့ အသိပေးခြင်းသည် မှားယွင်းသော လှုံ့ဆော်မှုမျိုး မဟုတ်ဘဲ လိင်ပိုင်းဆိုင်ရာ ကုသသူများပင်လျင် ဆေးညွန်း တစ်ခုအဖြစ် အသုံးပြုနေသော အခြေခံ အချက်တစ်ခု ဖြစ်သည်။ အမျိုးသမီး၏ ယောနိ အင်္ဂါတစ်ခုလုံးကို နှိုးဆွခြင်းသည်သာ လိင်စိတ်ထကြွ စေသည်မဟုတ်ဘဲ လွန်းပုံသဏ္ဍန်ရှိသော အင်္ဂါ၏ ထိပ် (အစေ့) ကလေးကို အနည်းငယ် နှိုးဆွရုံမျှပင် ခံန္ဓာကိုယ် အတွင်းပိုင်းမှ အာရုံကြောများ နှိုးကြွလာခြင်း၏ အထွဋ်အထိပ် အရသာကို ခံစား ရရှိနိုင်ပေသည်။ ထိုကဲ့သို့ နှိုးကြွမှုသည် တစ်မြေ့မြေ့နှင့် အရိုင်းဆန်သော အသွင်သို့ ကူးပြောင်းသွားပြီး ကျေနပ်မှု ပြည့်ဝ သွားပါက ငြိမ်သက်မှုနှင့် ပြေလျော့သော ခံစားမှုများကို ရရှိနိုင်သည်။

အချို့သော အမျိုးသမီးများသည် မိမိကိုယ်တိုင် စိတ်အာသာ ဖြေလျော့ခြင်းများကို လေ့လာ နားလည် ထားကြပြီး အထူးသဖြင့် ဆယ်ကျော်သက် များတွင် ပိုမိုနားလည် လွယ်ကြသည်။ ထိုသို့ ကိုယ်တိုင် စိတ်ဆန္ဒဖြေဖျောက်သော အလေ့အကျင့် ရှိသူများသည် လိင်ဆက်ဆံဖေါ်မှ ထိုကဲ့သို့ နှိုးဆွပေးသော အခါမျိုးတွင် အပြည့်အ၀ မကျေနပ် ကြသူများလည်း ရှိကြသည်။ ထိုသို့ နှိုးဆွမှုသည် တုန်ရင်သော ခံစားမှုကို အဓိက ခံစားရလေ့ရှိကြောင်း အထက်တွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။
မိမိကိုယ်တိုင် လုပ်ဆောင် ခံစားနိုင်သော ထိုသို့ နှိုးဆွမှုမျိုးကို အခြားသူ တစ်ဦးဦး၏ အကူအညီဖြင့်လည်း ရယူလိုစိတ် မရှိကြတော့ပေ။ ထို့ကြောင့် တစ်ဦးတည်းက ဦးဆောင်၍ နှိုးဆွခြင်းမျိုးကို ပြုမူခြင်းထက် ကာမ ဆက်ဆံဖေါ် နှစ်ဦးစလုံးက အပြန်အလှန် ရုပ်ပိုင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာ နှိုးဆွခြင်းသည်သာ အထိရောက်ဆုံး ဖြစ်သည်။ ထိုသို့ နှိုးဆွရာတွင် ခရမ် သို့မဟုတ် အဆီတစ်မျိုးမျိုးကို သုတ်လိမ်းပြီး တစ်ဦးနှင့် တစ်ဦး ပွတ်နယ်ပေးခြင်းကို စုံတွဲ အတော်များများ နှစ်သက်ကြသည်။
နှိုးဆွမှုမှ အခြေအနေ တစ်ခုသို့ ရောက်ရှိပြီ ဆိုပါလျင် လိင်ဆက်ဆံနိုင်သော ခန္တာကိုယ် အစိတ်အပိုင်းများကို ပိုမိုထိတွေ့ ပွတ်သတ်ပေးခြင်းဖြင့် နှစ်ဦးစလုံး၏ စိတ်ကျေနပ် နှစ်သိမ့်မှုကို ရယူရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ ယခုခေတ်၏ အမျိုးသမီးများ တစ်ကိုယ်ရေ ဖျော်ဖြေမှုတွင် အသုံးပြုသည့် ကျားအင်္ဂါအတု (Vibrator) သည် အလွန်ခြားနားသော ကာမ တုန့်ပြန်မှုများကို ပေးလေ့ရှိသည်။
ကျားအင်္ဂါအတု၏ ပုံစံပြုလုပ်မှုတွင် လျပ်စီးလမ်းကြောင်းတစ်ခုဖြင့် စီမံထားသော သွားပွတ်တံ အငယ်ကလေး တစ်ခုကဲ့သို့ ရာဘာသားဖြင့် အမျိုးသမီး၏ အထွဋ်အထိပ်ရောက်နိုင်သော အင်္ဂါအစေ့လေး ထိပ်နှင့် တစ်ထပ်တည်း ကျနေစေရန် ဖန်တီးထားပြီး ထိုစက်ကို အသုံးပြုနေချိန် ကာလ တစ်လျောက်တွင် ဖေါ်မပြနိုင်သော ကျေနပ်မှုများဖြင့် စခန်းသွား နေရမည်ဖြစ်သည်။ အချို့သော အမျိုးသမီးများသည် တစ်ကိုယ်ရေ ဖျော်ဖြေမှုကို လိင်အင်္ဂါအတု၏ အကူအညီဖြင့် အလွန်အကျွံ ခံစားထားပါက လိင်ဆက်ဆံချိန်တွင် အလားတူ ကျေနပ်နှစ်သိမ့်မှုမျိုး ရရှိနိုင်တော့မည် မဟုတ်ဘဲ အားမလို အားမရ ဖြစ်သွားတတ်သည်။
လိင်ဆက်ဆံသူတိုင်း၏ ပြီးပြည့်စုံသော ပျော်ရွှင်မှုမှာ နှစ်ဦးစလုံး အပြန်အလှန် ကြင်နာမှုဖြင့် စတင်ခဲ့ပြီး ဆုံးခန်းတိုင် အထွဋ်အထိပ် အရသာကို ရှေ့ဆင့် နောက်ဆင့် အတူတကွ ခံစားရရှိခြင်းကို တွေ့ကြုံရမှသာ လိင်မှုဆက်ဆံရေး၏ အနှစ်အရသာကို ခံစားကြရမည် ဖြစ်သည်။ အမျိုးသားများ အနေဖြင့် မိမိ၏ နှိုးဆွမှုသည် အမျိုးသမီးအပေါ် အရာမထင် ဖြစ်နေပါက ထိုအခြေအနေသည် အရေးတစ်ကြီး ပြဿနာ တစ်ခုမဟုတ်ဘဲ အခြားသော အဆင်ပြေနိုင်မည့် နှိုးဆွမှု ပုံသဏ္ဍတစ်မျိုးကို ထိုအချိန်တွင် ပြောင်းလဲ စမ်းသပ်ကြည့်နိုင်သည်။
လိင်ဆက်ဆံမှုတွင် အမျိုးသားများ အနေဖြင့် အမျိုးသမီး၏ ပါဝင်လာလိုစိတ် နှိုးဆွခြင်းသည် အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အမျိုးသားများ အနေဖြင့် မည်သည့် အခြေအနေတွင် အမျိုးသမီးများ အထွဋ်အထိပ် အနေအထားကို ရောက်ရှိသည် ဆိုသည်ကိုလည်း တတ်သိ နားလည်ထားရန် လိုအပ်သည်။ ထိုကဲ့သို့ နားလည်ထားမှသာ သူမ၏ ကြွက်သားများကို အထိအခိုက်မရှိဘဲ လိုတိုး ပိုလျော့ ဆက်ဆံမှု ပုံသဏ္ဍန်သို့ လမ်းကြောင်း ပြောင်းပေးနိုင်မည် ဖြစ်သည်။ ဥပမာ အားဖြင့် သူမ၏ နောက်ကြောများ ကွေးညွတ်လာပြီး ဦးခေါင်း အနောက် လန်သွားသည့် အချိန်သည် သူမ၏ အထွဋ်အထိပ် ခံစားမှု အမြင့်ဆုံး ရောက်၇ှိရန် အကောင်းဆုံး အခြေအနေ ဖြစ်သည်။ သူမ၏ ကျေနပ်မှုကို အလိုက်သင့် ပုံစံဖြင့် ထိန်းပေးထားနိုင်ပါက သူမသည် ပြီးပြည့်စုံသော အကောင်းဆုံးသော ကာမ ဆက်ဆံမှု ရရှိစေမည် ဖြစ်သည်။
အမျိုးသမီးများအနေဖြင့် လိင်မှုကိစ္စ ဆက်ဆံတိုင်းတွင် စိတ်ကျေနပ်မှု အပြည့်အဝေ ရရှိခြင်းမှာ တစ်ဆင့်ပြီး တစ်ဆင့်သာ ဖြစ်လေ့ရှိပြီး အကြိမ်တိုင်း ဖြစ်လေ့ မရှိချေ။ အချို့သော စုံတွဲများသည် ၄င်းတို့နှင့် သင့်တော်မည့် လိင်ဆက်ဆံမှု ပုံစံများကို မကြာခဏ ဆိုသလို ပြောင်းလဲ ဆက်ဆံခြင်းဖြင့် ကျေနပ်မှု ရရှိရန် ကြိုးစားလေ့ ရှိကြသည်။ လိင်မဆက်ဆံမှီ အရက် အလွန်အကျွံသောက်သုံး ခြင်းသည် အမျိုးသမီး၏ ယောနိအင်္ဂါမှ ထွက်သော အရည် ခြောက်ခမ်းမှုကို ဖြစ်စေပြီး လိင်အင်္ဂါများသို့ သွေးပို့လွှတ်သော ပမာဏကိုလည်း လျော့နည်းစေသည်။ ထိုသို့ နည်းပါးခြင်းက အမျိုးသမီး၏ လိင်ဆက်ဆံချိန် ကာလတွင် နာကျင်ခြင်းများကို ဖြစ်ပေါ် စေသည်။
အမျိုးသမီးများတွင် အထွဋ်အထိပ် ရရှိချိန် နည်းပါးသော အခြား အကြောင်းပြချက်များ အဖြစ် ကလေး မွေးဖွါးပြီး ကာစ သို့မဟုတ် ရာသီသွေး ဆင်းပြီးကာစ အချိန်များတွင် ဖြစ်လေ့ရှိသည်။ စိတ်ကျရောဂါ ခံစားနေရချိန်တွင်လည်း ကာမ ဆက်ဆံခြင်းများကို လိုလားနှစ်သက်ခြင်း ရှိလိမ့်မည်မဟုတ်ပေ။ အခြား အကြောင်းတစ်ခုမှာ ဆိုးရွားသော လိင်ဆက်ဆံဖေါ်နှင့် ကြုံတွေ့ခဲ့ဖူးသည့် အမျိုးသမီးများတွင်လည်း အထွဋ်အထိပ် အရသာကို ခံစားနိုင်ခြင်း နည်းပါးကြသည်။
Subscribe to:
Posts (Atom)